Month: September 2024

ဒက်ကလန်ရိုက်စ်ရဲ့ အနီကတ်က မြင်တွေ့ဖူးသမျှထဲမှာ အဆိုးဝါးဆုံး အနီကတ်လို့ ပီယာ့စ်မော်ဂန် ဆို

ပရီးမီးယားလိဂ်ပွဲစဉ်(၃) အာဆင်နယ်(၁-၁)ဘရိုက်တန်ပွဲမှာ အနီကတ်ပြခံခဲ့ရတဲ့ အာဆင်နယ်ကွင်းလယ်လူဒက်ကလန်ရိုက်စ်ရဲ့ အနီကတ်ပြစ်ဒဏ်က မိမိမြင်တွေ့ဖူးသမျှအနီကတ်တွေထဲမှာ အဆိုးရွားဆုံးအနီကတ်ဖြစ်တယ်လို့ ရုပ်သံအစီအစဉ်တင်ဆက်သူ ပီယာ့စ်မော်ဂန်က သူ့ရဲ့ ဆိုရှယ်မီဒီယာက တစ်ဆင့်ဝေဖန်လိုက်ပါတယ်။ ရိုက်စ်ဟာ ပွဲချိန်(၄၂)မိနစ်မှာ ဘောလုံးဖျက်ထုတ်မှုကနေ ပထမအဝါကတ်အပြခံရပြီး ပွဲချိန်(၄၉)မိနစ်မှာ အငြင်းပွားဖွယ်အနေအထားကနေ ဒုတိယအဝါကတ်ထိပြီး (၂)ဝါ(၁)နီနဲ့...

ပရီးမီးယားလိဂ်ချန်ပီယံပြိုင်ပွဲမှာ အာဆင်နယ်ခြေချော်သွားပြီဆိုတဲ့ ပြောဆိုမှုကို ဟာလန်း ပယ်ချ

မနေ့က ဝက်စ်ဟမ်း(၁-၃)မန်စီးတီး ပရီးမီးယားလိဂ်ပွဲစဉ်အပြီး Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုမှာ မန်စီးတီးတိုက်စစ်မှူးဟာလန်းက ပရီးမီးယားလိဂ်ချန်ပီယံပြိုင်ပွဲမှာ အာဆင်နယ်အသင်းစောစောစီးစီး ခြေချော်သွားပြီဆိုတဲ့ ပြောဆိုမှုတွေကို ပယ်ချခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရိုက်တန်အသင်းနဲ့(၁)ဂိုး ရလဒ်နဲ့သရေကျခဲ့တာကြောင့်...

ဝက်စ်ဟမ်း(၁-၃)မန်စီးတီးပွဲ Highlight Video

■ Video - မနေ့က ကစားခဲ့တဲ့ ဝက်စ်ဟမ်း(၁-၃)မန်စီးတီးပွဲမှာ ဟာလန်းသွင်းယူခဲ့တဲ့ ဟက်ထရစ် (၃)ဂိုး(၁၀၊ ၃၀၊ ၈၃ မိနစ်)နဲ့ ဝက််ဟမ်းအသင်းအတွက် မန်စီးတီးနောက်ခံလူ ရူဘင်ဒီယက်စ်သွင်းမိခဲ့တဲ့ Own Goal (၁၉ မိနစ်)

အာဆင်နယ်(၁-၁)ဘရိုက်တန်ပွဲ Highlight Video

■ Video - မနေ့က ကစားခဲ့တဲ့ အာဆင်နယ်(၁-၁)ဘရိုက်တန်ပွဲက အာဆင်နယ်တိုက်စစ်မှူးကိုင်ဟာဗက်ဇ်ရဲ့ဦးဆောင်ဂိုး(၃၈ မိနစ်)၊ ဒက်ကလန်ရိုက်စ်ရဲ့အငြင်းပွားဖွယ်နှစ်ဝါတစ်နီ(၄၉ မိနစ်)နဲ့ ဘရိုက်တန်အသင်းအတွက် ဘရာဇီးလ်တိုက်စစ်မှူးဂျော်အိုပက်ဒရိုရဲ့ချေပဂိုး(၅၈ မိနစ်)

ရွန်နီရဲ့ စံချိန်ကိုကျော်ဖြတ်ပြီး အိုဝင်၊ အွန်နရီ၊ ကိန်းတို့ရဲ့ ဟက်ထရစ်မှတ်တမ်းကို လိုက်မီခဲ့တဲ့ ဟာလန်း

၂၀၂၄-၂၅ ရာသီအစ ပရီးမီးယားလိဂ်ပွဲစဉ်(၃)ခုအတွင်းမှာပဲ မန်စီးတီးတိုက်စစ်မှူးဟာလန်းက ဟက်ထရစ်(၂)ကြိမ်သွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့ ကစားသမားဘ၀ ပရီးမီးယားလိဂ်ဟက်ထရစ်စုစုပေါင်းက (၈)ကြိမ်အထိရှိလာခဲ့ပါတယ်။ ဒါကြောင့် ဒီပြိုင်ပွဲရဲ့ဟက်ထရစ်အများဆုံးသွင်းယူသူစာရင်းမှာ ဟာလန်းဟာ ရွန်နီ(၇ ကြိမ်)ကို ကျော်ဖြတ်ပြီး အိုဝင်၊ အွန်နရီ၊ ဟာရီကိန်းအစရှိတဲ့ တိုက်စစ်မှူးတွေရဲ့စံချိန်ကို လိုက်မီခဲ့ပါတယ်။...