၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲကို နိုင်ပွဲနဲ့ စတင်ဖွင့်လှစ်ခဲ့တဲ့ လက်ရှိချန်ပီယံအာဂျင်တီးနား

0

အာဂျင်တီးနား(၂-ဝ)ကနေဒါ

ကိုပါအမေရိကလက်ရှိချန်ပီယံလည်းဖြစ်၊ အအောင်မြင်ဆုံးအသင်းလည်းဖြစ်တဲ့ အာဂျင်တီးနားအသင်းဟာ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ အဖွင့်ပွဲမှာ ကနေဒါအသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ယူပြီး နိုင်ပွဲနဲ့ စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ အာဂျင်တီးနားအသင်းအတွက် အသင်းခေါင်းဆောင်မက်ဆီက ဂိုးမသွင်းပေမယ့် အကောင်းဆုံးခြေစွမ်းပြကစားသွားခဲ့ပြီး ဒုတိယဂိုးကို လော်တာရိုမာတီနက်ဇ်သွင်းနိုင်အောင် ဖန်တီးပေးခဲ့ပါတယ်။

ဒါ့အပြင် ကနေဒါဂိုးပေါက်ကိုလည်း မက်ဆီက အကြိမ်ကြိမ်ခြိမ်းခြောက်နိုင်ခဲ့ပြီး အသင်းဖော်တွေအတွက် တိုက်စစ်လမ်းကြောင်းတွေများစွာ ခင်းကျင်းပေးနိုင်ခဲ့ပါတယ်။

■ Video – ၂၀၂၄ ကိုပါအမေရိကအုပ်စုအဆင့်ပွဲစဉ် အာဂျင်တီးနား(၂-ဝ)ကနေဒါပွဲမှာ အာဂျင်တီးနားအတွက် အယ်လ်ဗာရက်ဇ်သွင်းယူခဲ့တဲ့ဂိုး(၄၉ မိနစ်)နဲ့ လော်တာရိုမာတီနက်ဇ်သွင်းယူခဲ့တဲ့ဂိုး(၈၈ မိနစ်)

Leave a Reply

Your email address will not be published. Required fields are marked *