၂၀၂၄ သြဂုတ်လရဲ့ပရီးမီးယားလိဂ်အကောင်းဆုံးဂိုး

0

(Goal of the Month)

ပြီးခဲ့တဲ့ ၂၀၂၄ သြဂုတ်လရဲ့ပရီးမီးယားလိဂ်အကောင်းဆုံးဂိုး(Premier League Goal of the Month)အဖြစ် ချယ်လ်ဆီးတောင်ပံကစားသမား ကိုးလ်ပါမားရဲ့ဂိုးက ရွေးချယ်ခံရပါတယ်။

သြဂုတ်လ(၂၅)ရက်နေ့က ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ် ချယ်လ်ဆီး(၂-၆) ဝုလ်ဗ်ပွဲမှာ ကိုးလ်ပါမားက ပွဲချိန်(၄၄)မိနစ်မှာ ပြိုင်ဘက်ဂိုးသမားရဲ့ခေါင်းပေါ်က ကျော်ပြီး လှလှပပဂိုးထဲ သွင်းယူခဲ့တာပါ။

ဒီပွဲမှာ ကိုးလ်ပါမားက ခြေစွမ်းပြခဲ့ပြီး အသင်းဖော် တောင်ပံကစားသမား မာဒူအက်ကေ သွင်းယူခဲ့တဲ့ ဟက်ထရစ်အတွက် (၃)ဂိုးစလုံးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ကိုးလ်ပါမားဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီက ၂၀၂၄ ဧပြီလအတွက် ချီးမြှင့်တဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးဂိုးသွင်းသူဆုကိုလည်း ရရှိခဲ့လို့ ဒီဆု(၂)ခုကို (ရာသီခြားပြီး)ဆက်တိုက်ဆွတ်ခူးတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *