Laughing Gas ဗီဒီယိုကြောင့် ဘစ်ဆူးမားကို လက်စတာနဲ့ပွဲမှာ ပါဝင်ကစားဖို့ စပါးပိတ်ပင်

0

စပါးအသင်းဟာ Laughing Gas ရှူရှိုက်ခဲ့တဲ့ ဗီဒီယိုကြောင့် ကွင်းလယ်လူ ဘစ်ဆူးမားကို လက်စတာအသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ပါဝင်ကစားခွင့် ပိတ်ပင်တဲ့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ဘစ်ဆူးမားဟာ ဒီလုပ်ရပ်အတွက် တောင်းပန်ကြောင်း သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

နိုက်ထရပ်အောက်ဆိုဒ်ပါဝင်တဲ့ Laughing Gas အသုံးပြုမှုကို ၂၀၂၃ ကတည်းက ဗြိတိန်မှာ ပြစ်မှုတစ်ခုအဖြစ် သတ်မှတ်ထားပြီး ထောင်ဒဏ်(၂)နှစ်အထိ ချမှတ်နိုင်ပါတယ်။ စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက ဘစ်ဆူးမားကို လက်စတာအသင်းနဲ့ ပွဲမှာ ပွဲကစားခွင့်ပိတ်ပင်ထားထားပေမယ့် လာမယ့်ပွဲတွေမှာ ပါဝင်နိုင်ဖို့ တံခါးဖွင့်ထားတယ်လို့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

ပိုစတီကိုဂလူးက “ကျွန်တော်တို့ဘစ်ဆူးမားကို လက်စတာအသင်းနဲ့ ကစားမယ့်ပွဲကို ကစားခွင့်ပိတ်ပင်ထားပါတယ်။ ဘစ်ဆူးမားအနေနဲ့ အသင်းထဲပြန်ဝင်ရောက်နိုင်ဖို့ အလုပ်ကိုကြိုးကြိုးစားစားလုပ်ရမှာပါ။ သူ့အတွက် ကျွန်တော်တို့ တံခါးဖွင့်ထားပါတယ်”လို့ဆိုခဲ့ပါတယ်။

၂၀၂၂ နွေရာသီက ဘရိုက်တန်အသင်းကနေ ပေါင်သန်း(၃၀)နဲ့ ရောက်ရှိလာခဲ့တဲ့ ဘစ်ဆူးမားဟာ Laughing Gas ရှူရှိုက်တဲ့ ဗီဒီယိုမတင်ခင် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ စပါးအသင်းအတွက် ပါဝင်ကစားသွားခဲ့ပါတယ်။ မာလီကွင်းလယ်လူ ဘစ်ဆူးမားဟာ စပါးအသင်းအတွက် (၅၆)ပွဲကစားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *