ဘာစီလိုနာအသင်းထံ နေမာပြန်လာချင်တယ်ဆိုတဲ့ သတင်းတွေကို သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့ငြင်းဆန်

0

အယ်လ်ဟီလယ်တိုက်စစ်မှူးနေမာဟာ အသင်းဟောင်း ဘာစီလိုနာအသင်းထံ ပြန်လာဖို့ ဆန္ဒရှိနေပြီး အသင်းတာဝန်ရှိသူတွေဆီကိုချိတ်ဆက်မှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့က ကြေညာချက်ထုတ်ပြန်ပြီး ငြင်းဆန်ခဲ့ပါတယ်။

နေမာဟာ ဘာစီလိုနာအသင်းထံ ပြန်လာဖို့ ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် နည်းပြဟန်ဆီဖလစ်က သူ့ကိုခေါ်ယူဖို့ အလိုမရှိခဲ့ဘူးလို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။

နေမာဟာ ၂၀၂၃ ကုန်ပိုင်းကတည်းက ဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး လက်ရှိအချိန်မှာ ကွင်းထဲအမြန်ဆုံး ပြန်ဝင်နိုင်ဖို့အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီအချိန်မှာ နေမာဟာ (၄)ရာသီကြာကစားခဲ့တဲ့ ဘာစီလိုနာအသင်းထံ ပြန်လာဖို့ ချိတ်ဆက်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့တာပါ။ ဒါပေမယ့် နေမာဟာ ဆော်ဒီမှာ ပျော်ရွှင်နေတယ်လို့ သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီကြေညာချက်မှာ “အယ်လီလယ်ကနေ ဘာစီလိုနာကို နေမာပြန်လာမယ့် သတင်းတွေဟာ အလိမ်အညာတွေဖြစ်ပြီး အသင်းနဲ့ ကစားသမားအပေါ် လေးစားမှုမရှိတာပါ။ နေမာဟာ အယ်လ်ဟီလယ်နဲ့ စာချုပ်ရှိနေပြီး ဒီအသင်းမှာ သူပျော်ရွှင်နေပါတယ်။ မကြာခင်မှာ သူပြန်လာတော့မှာပါ”လို့ ဖော်ပြထားတာပါ။

ပြီးခဲ့တဲ့ နွေရာသီက PSG အသင်းကနေ အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ နေမာဟာ (၅)ပွဲသာ ကစားခဲ့ပြီးနောက် ဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပြီး သူ့ရဲ့စာချုပ်ဟာ ၂၀၂၅ ဇွန်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *