ဖောရက်စ်နဲ့ လိဂ်ဖလားပွဲမှာ နယူးကာဆယ်လူစာရင်းထဲ တိုနယ်လီ ပါဝင်မယ်လို့ အက်ဒီဟောင်း ဆို

0

လောင်းကစားစည်းမျဉ်းချိုးဖောက်မှုကြောင့် (၁၀)လကြာပွဲကစားခွင့်ပိတ်ပင်တဲ့ ပြစ်ဒဏ်ပြည့်မြောက်သွားပြီဖြစ်တဲ့ အီတလီကွင်းလယ်လူ တိုနယ်လီဟာ ဒီနေ့ညကစားမယ့် နော်တင်ဂမ်ဖောရက်စ်အသင်းနဲ့ ကာရာဘောင်းလိဂ်ဖလားပွဲစဉ်မှာ နယူးကာဆယ်အသင်းလူစာရင်းထဲ ပါဝင်မယ်လို့ နယူးကာဆယ်နည်းပြအက်ဒီဟောင်းက ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက အေစီမီလန်အသင်းကနေ ပေါင်(၅၅)သန်းနဲ့ နယူးကာဆယ်အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ တိုနယ်လီဟာ စီးရီးအေမှာ ကစားခဲ့ချိန်က လောင်းကစားစည်းမျဉ်းချိုးဖောက်ခဲ့တာကြောင့် အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)ရဲ့ ပွဲကစားခွင့်ပိတ်ပင်တဲ့ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသူပါ။

လောင်းကစားစည်းမျဉ်းချိုးဖောက်မှုကြောင့် (၁၀)လကြာပွဲကစားခွင့်ပိတ်ပင်တဲ့ ပြစ်ဒဏ်ပြည့်မြောက်သွားပြီဖြစ်တဲ့ အီတလီကွင်းလယ်လူ တိုနယ်လီဟာ နော်တင်ဂမ်ဖောရက်စ်အသင်းနဲ့ ကာရာဘောင်းလိဂ်ဖလားပွဲစဉ်မှာ နယူးကာဆယ်အသင်းလူစာရင်းထဲ ပါဝင်မယ်လို့ နည်းပြ အက်ဒီဟောင်းက ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက အေစီမီလန်အသင်းကနေ ပေါင်(၅၅)သန်းနဲ့ နယူးကာဆယ်အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ တိုနယ်လီဟာ စီးရီးအေမှာ ကစားခဲ့ချိန်က လောင်းကစားစည်းမျဉ်းချိုးဖောက်ခဲ့တာကြောင့် အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)ရဲ့ ပွဲကစားခွင့်ပိတ်ပင်တဲ့ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသူပါ။

တိုနယ်လီရဲ့ပွဲပယ်ပြစ်ဒဏ်ဟာ အင်္ဂါနေ့မှာ ပြည့်မြောက်မှာဖြစ်လို့ ဗုဒ္ဓဟူးနေ့မှာ ကစားရမယ့် နော်တင်ဂမ်ဖောရက်စ်အသင်းနဲ့ ကာရာဘောင်းဖလား ဒုတိယအဆင့်ပွဲစဉ်မှာ နယူးကာဆယ်အသင်းအတွက် ပါဝင်ကစားခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။ တိုနယ်လီဟာ ပွဲပယ်ပြစ်ဒဏ်ချမှတ်မခံရခင်နယူးကာဆယ်အသင်းအတွက် (၁၂)ပွဲပါဝင်ကစားခွင့်ရခဲ့ပြီး (၁)ဂိုးသွင်းယူနိုင်ခဲ့တာပါ။

အက်ဒီဟောင်းက “တိုနယ်လီဟာ အသင်းလူစာရင်းထဲ သေချာပေါက်ပါဝင်လာမှာပါ။ သူက ကြံ့ခိုင်မှုအပြည့်ရှိနေပါတယ်။ သူ့အတွက် အရေးကြီးဆုံးအရာက ပွဲကစားချိန်ရဖို့ပါ။ သူက အရာအားလုံးကို လုပ်ခဲ့ပြီးသလို ကြံ့ခိုင်မှုပိုင်းအကောင်းဆုံးဖြစ်နေအောင် မယုံနိုင်လောက်အောင် ကြိုးစားခဲ့ပါတယ်”လို့ မီဒီယာသမားတွေကို ပြောခဲ့ပါတယ်။

နယူးကာဆယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ရလဒ်တွေဆိုးခဲ့ပြီး ဥရောပဝင်ခွင့်နဲ့ လွဲခဲ့ပြီးနောက် တိုနယ်လီပြန်လာနိုင်မှုက သူတို့ရဲ့ကွင်းလယ်ပိုင်းကို ပိုပြီးအားကောင်းလာစေဖို့ရှိနေတာပါ။ နယူးကာဆယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၂)ပွဲကစားအပြီးမှာ ရမှတ်(၄)မှတ်ရရှိထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *