လူစားလဲခံရအပြီးမှာ အိုးထရက်ဖိုဒ့်ကနေ ကတ်စီမီရို ထွက်သွားတယ်ဆိုတာ တန်ဟတ် ငြင်းဆန်

0

မနေ့က မန်ယူနိုက်တက် (ဝ-၃)လီဗာပူးလ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရာဇီးလ်ကွင်းလယ်လူ ကက်စီမီရိုဟာ သူ့ကိုလူစားလဲခဲ့တဲ့ ပထမပိုင်းအပြီးမှာ အိုးထရက်ဖိုဒ့်ကွင်းထဲကနေ ထွက်ခွာသွားတယ်ဆိုတဲ့အပေါ် မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ငြင်းဆန်ခဲ့ပါတယ်။

ဒီပွဲမှာ လီဗာပူးလ်အသင်းသွင်းယူခဲ့တဲ့ ပထမ(၂)ဂိုးမှာ ကြီးမားတဲ့ အမှားအယွင်းပြုလုပ်ခဲ့တဲ့ ကက်စီမီရိုဟာ သူ့ကိုလူစားလဲအပြီးမှာ အိုးထရက်ဖိုဒ့်ကွင်းထဲကနေ ထွက်ခွာသွားတဲ့ပုံတွေ ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ်လာခဲ့တာပါ။

အဲရစ်တန်ဟတ်ကတော့ ဒီလိုထွက်ပေါ်လာတဲ့အပေါ် ချက်ချင်းငြင်းဆန်သွားခဲ့ပါတယ်။ အဲရစ်တန်ဟတ်က”ပွဲအပြီးအဝတ်လဲခန်းထဲမှာ ကက်စီမီရိုကို ကျွန်တော်တွေ့ခဲ့ပါတယ်။ ဒါကြောင့်သူဟာ ပထမပိုင်းအပြီးမှာ ကွင်းထဲက မထွက်ခွာခဲ့ပါဘူး”လို့ ဆိုခဲ့တာပါ။ ဒါ့အပြင် အဲရစ်တန်ဟတ်က ကက်စီမီရိုကို လူစားလဲခဲ့တာက အသင်းအတွက်လိုအပ်လို့ ပြုလုပ်ခဲ့တာဖြစ်ပြီး ကက်စီမီရိုဟာ ကစားသမားဘဝမှာ အရာအားလုံးကို အနိုင်ရခဲ့တယ်လို့လည်း မီဒီယာသမားတွေရဲ့မေးမြန်းမှုကို ဖြေခဲ့ပါတယ်။

၂၀၂၂ နွေရာသီက ရီးရဲလ်မက်ဒရစ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ကက်စီမီရိုဟာ မန်ယူနိုက်တက်အသင်းကစားသမားဘ၀ ပွဲဦးထွက်ရာသီမှာ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမှာတော့ ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရပါတယ်။ ကက်စီမီရိုဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ယူနိုက်တက်အသင်းကနေ ထွက်ခွာနိုင်တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ကလပ်မှာဆက်ပြီး ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကက်စီမီရိုဟာ လီဗာပူးလ်အသင်းနဲ့ပွဲမှာ ပြုလုပ်ခဲ့တဲ့ အမှားအယွင်းတွေကြောင့် ဝေဖန်မှုတွေအများကြီးခံခဲ့ရတာပါ။

မန်ယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာနွေရာသီအပြောင်းအရွှေ့အသင်းကွင်းလယ်လူ အူဂါတေးကို ခေါ်ယူထားတာကြောင့် ကက်စီမီရိုအနေနဲ့လာမယ့်ပွဲတွေမှာ ပါဝင်ခွင့်ရမယ်ဆိုရင် ခြေစွမ်းပြသနိုင်ဖို့လိုအပ်နေပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ကက်စီမီရိုအနေနဲ့ မန်ယူနိုက်တက်အသင်းမှာ ပွဲထွက်ခွင့်ဆုံးရှုံးသွားနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *