မန်စီးတီးက ထွက်ခွာဖို့ အခြားကလပ်တွေနဲ့မိမိ မဆွေးနွေးခဲ့ဘူးလို့ ဒီဘရိုင်းနား ဆို

0

ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းနားက သူဟာ ဒီနွေရာသီမှာ မန်စီးတီးအသင်းကထွက်ခွာဖို့ အခြားကလပ်အသင်းတွေနဲ့ ဆွေးနွေးခဲ့ခြင်းမရှိဘူးလို့ BBC Radio Manchester ကို ပြောခဲ့ပါတယ်။

ဒီဘရိုင်းနားဟာ ပြီးခဲ့တဲ့ရာသီအကုန်က ဆော်ဒီထံပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေရရှိခဲ့ပြီးနောက် မန်စီးတီးအသင်းက ထွက်ခွာဖွယ်ရှိတဲ့အကြောင်း သူ့ရဲ့မိသားစုကို ပြောဆိုမှုတွေရှိခဲ့တာပါ။

၂၀၁၅ နွေရာသီက ဝုလ်ဖ်ဘတ်အသင်းကနေ မန်စီးတီးအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ဒီဘရိုင်းနားရဲ့စာချုပ်ဟာ ၂၀၂၅ ဇွန်ဆိုရင် ကုန်ဆုံးပြီဖြစ်ပါတယ်။ နွေရာသီအပြောင်းအရွှေ့ကာလအစပိုင်းမှာ ဒီဘရိုင်းနားနဲ့ ဆော်ဒီပရိုလိဂ်အသင်းတွေရဲ့အပြောင်းအရွှေ့သတင်းတွေဆက်တိုက်ထွက်ပေါ်ခဲ့တာပါ။ ဒီအချိန်မှာ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက သူတို့ဟာ ဒီဘရိုင်းနားကို မရောင်းချဘူးလို့ အခိုင်အမာဆိုခဲ့ပါတယ်။ မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းနား ကိုယ်တိုင်ကလည်း သူဟာ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေမပြုလုပ်ခဲ့ဘူးလို့ဆိုလာခဲ့တာပါ။

ဒီဘရိုင်းနားက “ကျွန်တော်ဟာ အပြောင်းအရွှေ့အတွက် ဘယ်သူနဲ့မှ စကားမပြောခဲ့ပါဘူး။ အရိုးသားဆုံးပြောတာပါ။ ဆူညံသံတွေနဲ့ သတင်းတွေလည်း အများကြီးကြားခဲ့ရပါတယ်။ ကျွန်တော်ဟာ တိတ်ဆိတ်ငြိမ်သက်တဲ့ နွေရာသီကိုမျှော်လင့်ခဲ့ပြီး တကယ်ဖြစ်ခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဒီဘရိုင်းနားဟာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး မန်စီးတီးအသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ မျှော်လင့်နေတာပါ။ မန်စီးတီးအသင်းဟာ ရာသီသစ်ပရီးမီယားလိဂ်ပွဲစဉ်(၃)ပွဲစလုံးရာနှုန်းပြည့်နိုင်ပွဲ ရရှိခဲ့ပြီး ဒီဘရိုင်းနားဟာ ဒီပွဲတွေမှာ မန်စီးတီးအသင်းအတွက်(၁)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၁)ကြိမ်ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *