ဖိုဒန်၊ကိုးလ်ပါမားနဲ့ ဝက်ကင်စ်တို့ အင်္ဂလန်ရဲ့Nations League လူစာရင်းက နုတ်ထွက်

0

အင်္ဂလန်အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ဖိုဒန်၊ကိုးလ်ပါမားနဲ့ ဝက်ကင်စ်တို့ဟာ Nations League ပွဲတွေယှဉ်ပြိုင်မယ့် နိုင်ငံအသင်းရဲ့လူစာရင်းက နုတ်ထွက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာ အင်္ဂလန်အသင်းနည်းပြရာထူးက နုတ်ထွက်ခဲ့တဲ့ ဆောက်ဂိတ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ယာယီနည်းပြအဖြစ် အင်္ဂလန်အသင်းကို ကိုင်တွယ်မယ့် လီကာစလေဟာ သူ့ရဲ့ပထမဆုံးပွဲစဉ်တွေမှာ ကြယ်ပွင့်ကစားသမားတွေကို ဆုံးရှုံးရတော့မှာပါ။

ကိုးလ်ပါမားနဲ့ ဝက်ကင်စ်တို့ဟာ အင်္ဂလန်အသင်းနဲ့ပူးပေါင်းဖို့ St George’s Park ကိုရောက်ရှိလာခဲ့ပေမယ့် ကြံ့ခိုင်မှုပိုင်းဆိုင်ရာတွေကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေဆက်လက်လုပ်ဆောင်ဖို့ သူတို့ရဲ့ကလပ်အသင်းတွေထံ ပြန်သွားခဲ့ရတာဖြစ်ပါတယ်။ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် (၄၅)မိနစ်သာ ပါဝင်ကစားထားရသေးတဲ့ ဖိုဒန်ဟာ ဖျားနာနေတာကြောင့် အင်္ဂလန်အသင်းနဲ့ လာရောက်ပူးပေါင်းခဲ့ခြင်းမရှိဘဲ လူစာရင်းကနေ နုတ်ထွက်ခဲ့တာပါ။

အင်္ဂလန်အသင်းဟာ လူစာရင်းက နုတ်ထွက်သွားခဲ့တဲ့ ကစားသမား(၃)ဦးနေရာမှာ ကစားသမားတွေအစားထိုးခေါ်ယူသွားမှာမဟုတ်ဘူးလို့ အတည်ပြုထားပါတယ်။ ဝက်ကင်စ်နဲ့ ကိုးလ်ပါမားတို့ဟာ ဒီရာသီမှာ သူတို့ရဲ့ကလပ်အသင်းတွေအတွက် ပရီးမီးယားလိဂ်ပွဲစဉ်(၃)ပွဲစလုံး ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ကြပြီး ကိုးလ်ပါမားဟာ ဆာဗတ်အသင်းနဲ့ ကွန်းဖရန့်လိဂ်ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာခံစားမှုတွေ ရှိခဲ့တာပါ။ ဝက်ကင်စ်ဟာ ဒီရာသီမှာ အက်စတွန်ဗီလာအသင်းအတွက် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပြီး သွင်းဂိုးမရရှိသေးတာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ Nations League ပွဲစဉ်တွေအဖြစ် စက်တင်ဘာ(၇)ရက်မှာ အိုင်ယာလန်၊(၁၀)ရက်မှာ ဖင်လန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *