လာမယ့်ရာသီ ခေါ်ယူမယ့် ကြယ်ပွင့်ကစားသမားအဖြစ် ရိုဒရီကို ရီးရဲလ် ပစ်မှတ်ထားနေကြောင်း AS ဖော်ပြ

0

ဥရောပချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့် ၂၀၂၅-၂၆ ရာသီကြယ်ပွင့်ကစားသမားခေါ်ယူမှုအဖြစ် မန်စီးတီးအသင်းကွင်းလယ်လူ ရိုဒရီကိုပစ်မှတ်ထားနေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ပိတ်သွားပြီဖြစ်ပေမယ့် လာမယ့်ရာသီအတွက် ကြိုတင်စဉ်းစားမှုတွေပြုလုပ်နေပြီး ကစားသမားအချို့ကို သူတို့ခေါ်ယူမယ့် စာရင်းထဲထည့်သွင်းထားကာ ဒီအထဲမှာ ရိုဒရီက အထင်အရှားဆုံးဖြစ်နေတာပါ။

ရီးရဲလ်မက်ဒရစ်အသင်းဟာ သူတို့ရဲ့ကွင်းလယ်ပိုင်းကို ပိုပြီးအားကောင်းစေဖို့အတွက် ၂၀၂၅ နွေရာသီမှာ ရိုဒရီကို ခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ စပိန်သတင်းစာ AS ကဖော်ပြခဲ့ပါတယ်။ ရိုဒရီဟာ မန်စီးတီးအသင်းနဲ့ ၂၀၂၇ အထိစာချုပ်ရှိနေပြီး မန်စီးတီးအသင်းကလည်း သူ့ကို လုပ်ခလစာအများအပြားပေးပြီး စာချုပ်သစ်ကမ်းလှမ်းဖို့ လုပ်ဆောင်နေတာပါ။ ရိုဒရီကလည်း မန်စီးတီးအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ကို ငြင်းဆန်ထားခြင်းမရှိပါဘူး။

ဒါပေမယ့် ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးအနေနဲ့ သူ့အတွက် စိတ်ဝင်စားဖို့ကောင်းပြီး ကောင်းမွန်တဲ့ ကမ်းလှမ်းမှုရရှိလာမယ်ဆိုရင် ရိုဒရီဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖို့ မန်စီးတီးအသင်းကနေ ထွက်ခွာနိုင်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ရိုဒရီကိုခေါ်ယူမယ်ဆိုရင် ယူရိုသန်း(၁၀၀)ကျော်ကုန်ကျနိုင်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီနွေရာသီမှာ ပြီးခဲ့တဲ့ရာသီအကုန်က ကစားသမားဘဝက အနားယူသွားခဲ့တဲ့ ကွင်းလယ်လူ တိုနီကရူးစ်ရဲ့နေရာမှာ ပြန်ပြီးအစားထိုးခေါ်ယူခဲ့ရခြင်းမရှိဘဲ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဘာပေနဲ့ အန်းဒရစ်တို့ကိုသာ ခေါ်ယူခဲ့တာပါ။ အဲ့ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်နွေရာသီမှာ ကွင်းလယ်အတွက် ရိုဒရီကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *