Ballon d’Or ဆန်ခါတင်စာရင်းမှာ ချန်လှပ်ခံရပြီးနောက် ရိုဒရီဂို ရယ်မောပြီး လှောင်ပြောင်

0

ဘရာဇီးလ်ကြယ်ပွင့် ရိုဒရီဂိုဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အသင်းကို လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလား ရရှိအောင်ကူညီပေးနိုင်ခဲ့ပေမယ့် အခုနှစ် Ballon d’Or ဆုအတွက် ဆန်ခါတင်စာရင်းမှာ ချန်လှပ်ခံခဲ့ရတာကြောင့် သူ့ရဲ့ဆိုရှယ်မီဒီယာကနေ ရယ်မောပြီးလှောင်ပြောင်ခဲ့ပါတယ်။

အသက်(၂၃)နှစ်အရွယ်ရှိ ရိုဒရီဂိုဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အသင်း ဆုဖလားအောင်မြင်မှုတွေရယူနိုင်ဖို့အတွက် ပြိုင်ပွဲစုံ(၁၇)ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့သူပါ။

ရိုဒရီဂိုဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ(၅၁)ပွဲအထိ ပါဝင်ကစားခဲ့ပြီး နည်းပြ အန်ဆယ်လော့တီရဲ့အစီအစဉ်မှာ အဓိကအရေးပါတဲ့သူတစ်ဦးဖြစ်ခဲ့ပါတယ်။ ရိုဒရီဂိုဟာ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းထံ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဘာပေနဲ့ အန်းဒရစ်တို့ရောက်ရှိလာခဲ့ပေမယ့် သူ့ရဲ့ပွဲထွက်ခွင့်နေရာကို ဆက်ပြီးထိန်းသိမ်းနိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း ရိုဒရီဂိုဟာ Ballon d’Or ဆုအတွက် ဆန်ခါတင်(၃၀)ဦးစာရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ရိုဒရီဂိုဟာ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဂိုးသွင်းယူနိုင်မှုတွေ၊ဆုဖလားရယူနိုင်မှုတွေနဲ့ ပြိုင်ဘက်ကစားသမားကို ကျော်ဖြတ်နေတဲ့ပုံတွေကို ပေါင်းစည်းခဲ့ကာ ရယ်မောနေတဲ့ အီမိုဂျီကို ထည့်သွင်းခဲ့တာပါ။ Ballon d’Or ဆန်ကာတင်စာရင်းမှာ ရိုဒရီဂိုချန်လှပ်ခံရပေမယ့် သူ့ရဲ့ဘရာဇီးလ်အသင်းဖော် နေမာက “ရိုဒရီဂိုဟာ အကောင်းဆုံး(၅)ဦးထဲမှာပါဝင်တယ်”လို့ မှတ်ချက်ရေးခဲ့ပါတယ်။

Ballon d’Or ဆန်ကာတင်စာရင်းမှာ ရိုဒရီဂိုမပါဝင်ခဲ့ပေမယ့် သူ့ရဲ့ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေဖြစ်တဲ့ ဗင်နီစီယပ်စ်၊ဘယ်လင်ဂမ်၊ကာဗာဟယ်လ်၊တိုနီကရူးစ်၊ရူဒီဂါ၊ဗယ်လ်ဗာဒီနဲ့ ဘာပေတို့ဟာ ဒီဆုရဲ့ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပြီး ဗင်နီစီယပ်စ်နဲ့ ဘယ်လင်ဂမ်တို့ဟာ ဒီဆုကိုရယူနိုင်ဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *