ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြုလုပ်ခဲ့တဲ့ အောင်ပွဲခံမှုကို ကိုပါဖလားကို ကိုင်ပြီး E.မာတီနက်ဇ်ထပ်လုပ်

0

အာဂျင်တီးနားအသင်းက ချီလီအသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းဂိုးသမား အီမီလီယာနိုမာတီနက်ဇ်ဟာ ကိုပါအမေရိကဖလားနဲ့ အောင်ပွဲခံချိန် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူပြုလုပ်ခဲ့တဲ့ အောင်ပွဲခံမှုကို ထပ်ပြီးပြုလုပ်သွားခဲ့ပါတယ်။

ဒီပွဲအပြီးမှာ အာဂျင်တီးနားကစားသမားတွေဟာ ကိုပါအမေရိကဖလားပုံတူနဲ့ ကွင်းအတွင်းအောင်ပွဲခံခဲ့ကြပြီး အီမီလီယာနိုမာတီနက်ဇ်ဟာ ပရိသတ်တွေအရှေ့မှာ ဒီဆုဖလားကို ကိုင်ဆောင်ခဲ့တဲ့ နောက်ဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တာပါ။

အီမီလီယာနိုမာတီနက်ဇ်ဟာ ဒီအချိန်မှာ လွန်ခဲ့တဲ့လ(၂၀)က ကာတာနိုင်ငံမှာပြုလုပ်ခဲ့တဲ့ သူ့ရဲ့အငြင်းပွားဖွယ်အောင်ပွဲခံမှုကို ထပ်ပြုလုပ်ခဲ့ကာ အသင်းဖော်တွေက ရယ်မောခဲ့ကြသလို ပရိသတ်တွေက သူ့ကို အားပေးခဲ့ကြတာဖြစ်ပါတယ်။ အီမီလီယာနိုမာတီနက်ဇ်ဟာ အစောပိုင်းက ဆုဖလားကို လေပေါ်မှာ ကိုင်ဆောင်ထားကာ လှည့်ထွက်အပြီးမှာ ပြန်လှည့်လာကာ ကြမ်းတမ်းတဲ့အမူအရာကို ပြုလုပ်သွားခဲ့တာပါ။

https://x.com/centregoals/status/1831967934136381486?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1831967934136381486%7Ctwgr%5E31d929a60b876095ee8f4864d6d8b2e2df7d509f%7Ctwcon%5Es1_c10&ref_url=https%3A%2F%2Fwww.dailymail.co.uk%2Fsport%2Ffootball%2Farticle-13821459%2FEmiliano-Martinez-World-Cup-celebration-Argentina.html

အီမီလီယာနိုမာတီနက်ဇ်က သူဒီလိုမျိုးအောင်ပွဲခံတာဟာ ပြင်သစ်တွေက သူ့ကို အော်ဟစ်လှောင်ပြောင်ခဲ့တာကြောင့် ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ပြောထားပါတယ်။ အီမီလီယာနိုမာတီနက်ဇ်ဟာ ၂၀၂၃ မတ်က ပနားမားအသင်းနဲ့ ခြေစမ်းပွဲအပြီးမှာလည်း ဒီလိုမျိုးပြုလုပ်ခဲ့ပြီး အသင်းဖော်အချို့ကပါ သူ့လိုအောင်ပွဲခံခဲ့ကြတာပါ။ အီမီလီယာနိုမာတီနက်ဇ်ဟာ အာဂျင်တီးနားအသင်း ကိုပါအမေရိကဖလား(၂)ကြိမ်နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဆုရယူနိုင်ခဲ့ရာမှာ သူ့ရဲ့လက်စွမ်းပြသမှုတွေက အဓိကအနေနဲ့ ပါဝင်ခဲ့ပါတယ်။

ချီလီအသင်းကို အနိုင်ရရှိခဲ့တဲ့ အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်အဖြစ် စက်တင်ဘာ(၁၁)ရက်မှာ ကိုလံဘီယာအသင်းနဲ့ ကစားဖို့ရှိနေတာပါ။ အာဂျင်တီးနားအသင်းဟာ ခြေစစ်ပွဲ(၇)ပွဲကစားအပြီးမှာ ရမှတ်(၁၈)မှတ်နဲ့ တောင်အမေရိကဇုန်အမှတ်ပေးဇယားအဆင့်(၁)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *