မန်စီးတီးနဲ့ ဟာလန်း စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေပြီး စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ပါဝင်ဖွယ်ရှိ

0

နော်ဝေတိုက်စစ်မှူး ဟာလန်းဟာ အကျိုးအမြတ်အများကြီးရရှိမယ့် မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေပြီး စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး(Release Clause)ပါဝင်ဖွယ်ရှိနေပါတယ်။

ဟာလန်းဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ရာသီသစ်ကို အလွန်ကောင်းမွန်စွာစတင်နေပြီး အဖွင့်ပွဲစဉ်(၃)ပွဲမှာ ဟက်ထရစ်(၂)ကြိမ်အပါအဝင် သွင်းဂိုး(၇)ဂိုးသွင်းယူထားတာပါ။

ဟာလန်းဟာ မကြာခင်မှာ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ မန်စီးတီးအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုမယ်လို စပိန်သတင်းစာ မာကာကဖော်ပြထားပါတယ်။ ဟာလန်းနဲ့ မန်စီးတီးအသင်းတို့ရဲ့စာချုပ်ဟာ ၂၀၂၇ နွေရာသီမှာ ကုန်ဆုံးမှာပါ။

မာကာဟာ ဒီသတင်းကို “စာချုပ်သက်တမ်းတိုးခြင်းနဲ့ စာချုပ်ဖျက်သိမ်းကြေးထည့်သွင်းခြင်း”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဟာလန်းကို အသင်းဖော် ကွင်းလယ်လူ ဒီဘရိုင်းနားနဲ့အတူ သူ့ရဲ့အခြေခံလစာအဖြစ် ပရီးမီးယားလိဂ်မှာ လုပ်ခလစာအများဆုံးကစားသမားဖြစ်အောင် ပေးချေမယ်လို့ သိရပါတယ်။

ဒီဘရိုင်းနားဟာ မန်စီးတီးအသင်းမှာ တစ်ပတ်လုပ်ခပေါင်(၄၂၅,၀၀၀)ရရှိနေပြီး ဟာလန်းက တစ်ပတ်ကို အခြေခံလစာ ပေါင်(၃၇၅,၀၀၀)ရရှိနေတာပါ။ ဒါပေမယ့် ဟာလန်းဟာ မန်စီးတီးအသင်းမှာ အပိုဆုကြေးတွေအပါအဝင် တစ်ပတ်လုပ်ခလစာပေါင်(၈၅၀,၀၀၀)ထက် ကျော်လွန်ပြီး ရရှိနေတယ်လို့ Mail Sport က ဖော်ပြထားပါတယ်။ မန်စီးတီးအသင်းနဲ့ ဟာလန်းရဲ့စာချုပ်အသစ်မှာ စာချုပ်ဖျက်သိမ်းကြေးပါဝင်နိုင်တာကြောင့် ဒါဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် အနာဂတ်မှာ ဟာလန်းကို ခေါ်ယူနိုင်မယ့် အချက်ဖြစ်နိုင်တယ်လို့ မာကာက ဖော်ပြထားတာပါ။

ရီးရဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့စိတ်ဝင်စားနေပေမယ့် ဘာပေကို ခေါ်ယူထားတာကြောင့် လက်ရှိအချိန်မှာ ဒီအပြောင်းအရွှေ့ကို ဦးစားပေးလုပ်ဆောင်ဖို့မရှိသေးပါဘူး။ မန်စီးတီးအသင်းဟာ ၂၀၂၁ နွေရာသီက ဒေါ့မွန်အသင်းကနေ ဟာလန်းကို ခေါ်ယူခဲ့ချိန်က စာချုပ်ဖျက်သိမ်းကြေး ပေါင်(၅၁)သန်းနဲ့ ခေါ်ယူခဲ့တာပါ။

ဟာလန်းဟာ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ဖလား(၂)ကြိမ်၊ချန်ပီယံလိဂ်၊FA ဖလားတို့ကို ရယူထားနိုင်ပြီး (၁၀၂)ပွဲကစားထားရာမှာ (၉၇)ဂိုးသွင်းယူထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *