လာမင်းယာမားလ်ရဲ့ပွဲကစားချိန်နဲ့ပတ်သက်ပြီး မိမိ စိုးရိမ်ပူပန်မှုမရှိဘူးလို့ ဒယ်လာဖွန်တေ ဆို

0

စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေက ဘာစီလိုနာကြယ်ပွင့် လာမင်းယာမားလ်ရဲ့ပွဲကစားချိန်နဲ့ ပတ်သက်ပြီး မိမိစိုးရိမ်ပူပန်မှုမရှိဘူးလို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ဆိုခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ လာမင်းယာမားလ်ရဲ့ပွဲကစားချိန်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် ဒယ်လာဖွန်တေက အခုလိုတုံ့ပြန်လာခဲ့တာပါ။

အသက်(၁၇)နှစ်အရွယ်ရှိ လာမင်းယာမားလ်ဟာ ပြီးခဲ့တဲ့ ဆားဘီးယားအသင်းနဲ့ Nations League ပွဲစဉ်မှာ စပိန်အသင်းအတွက် ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပါတယ်။ ဒါ့အပြင် လာမင်းယာမားလ်ဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် လာလီဂါပွဲစဉ်(၄)ပွဲစလုံး ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပြီး (၃၅၆)မိနစ်အထိ ပါဝင်ကစားပေးခဲ့ပါတယ်။

လာမင်းယာမားလ်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ စပိန်အသင်းမှာလည်း အဓိက အရေးပါတဲ့သူအဖြစ်ရှိခဲ့တာပါ။ လာမင်းယာမားလ်ဟာ နွေရာသီမှာ အားလပ်ရက်နည်းပါးခဲ့ပြီး အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ပွဲတွေအများကြီးကစားခဲ့ရတဲ့ သူ့ရဲ့လုပ်အားနှုန်းနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေကြတာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဒယ်လာဖွန်တေက “ပွဲအများအပြားကစားနိုင်တဲ့ လာမင်းယာမားလ်လို ကစားသမားရှိနေတာက ကောင်းမွန်တဲ့အရာဖြစ်ပြီး သူက ပြီးပြည့်စုံတဲ့သူပါ။ စက်တင်ဘာမှာ မိနစ်(၁၈၀)မကစားနိုင်ရင် ကျွန်တော့်ကို အသိပေးပါ။ ကျွန်တော်တို့ဟာ နိုင်ငံကို ကိုယ်စားပြုဖို့ အကောင်းဆုံးကစားသမားတွေကို ရွေးချယ်ထားပါတယ်”လို့ ဆိုခဲ့ပါတယ်။ လာမင်းယာမားလ်ဟာ စပိန်အသင်းအတွက်(၁၆)ပွဲကစားထားပြီး(၃)ဂိုးသွင်းယူထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *