နွေရာသီအပြောင်းအရွှေ့ကာလက ဒူရမ်အတွက် ကမ်းလှမ်းမှု(၄၀)ခန့်ကို အက်စတွန်ဗီလာ ပယ်ချ

0

အက်စတွန်ဗီလာအသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်းက ကိုလံဘီယာတိုက်စစ်မှူး ဒူရမ်ကို ခေါ်ယူဖို့ ကလပ်အသင်းအများအပြားက ပြုလုပ်ခဲ့တဲ့ ကမ်းလှမ်းမှု(၄၀)ခန့်ကို ပယ်ချခဲ့တယ်လို့ The Mirror က ဖော်ပြထားပါတယ်။

အက်စတွန်ဗီလာအသင်းဟာ အသက်(၂၀)နှစ်အရွယ်သာရှိသေးတဲ့ ဒူရမ်ကို ကမ္ဘာ့အဆင့်တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်လာနိုင်တယ်လို့ ယုံကြည်မှုရှိနေတာကြောင့် ကလပ်မှာဆက်ပြီးထိန်းသိမ်းထားခဲ့တာပါ။

ဒူရမ်ဟာ အက်စတွန်ဗီလာအသင်းမှာ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရနေတာကြောင့် ပွဲကစားချိန်ပိုပြီးရနိုင်ဖို့အတွက် နွေရာသီအပြောင်းအရွှေ့ကာလက ထွက်ခွာချင်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၃ ဇန်နဝါရီက မေဂျာလိဂ်ကလပ် ချီကာဂိုဖားရားအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဒူရမ်ဟာ ဒီရာသီ အက်စတွန်ဗီလာအသင်းရဲ့ပရီးမီးယားလိဂ်ပွဲစဉ်(၃)ပွဲစလုံးကို လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့ပေမယ့် အနိုင်ရခဲ့တဲ့(၂)ပွဲစလုံးကို အနိုင်ဂိုးသွင်းယူပေးခဲ့တာပါ။

အက်စတွန်ဗီလာအသင်းနည်းပြ အူနှိုင်းအမ်မရီဟာ ဒူရမ်အပေါ် ယုံကြည်မှုအပြည့်ရှိနေပြီး အနာဂတ်မှာ သူ့အတွက် ကြီးမားတဲ့အစီအစဉ်တွေရှိတယ်လို့ဆိုထားပါတယ်။ အက်စတွန်ဗီလာအသင်းရဲ့အကြီးအကဲတစ်ဦးဖြစ်တဲ့ မွန်ချီက အူနှိုင်းအမ်မရီဟာ ဒူရမ်ကို လာမယ့်(၁၂)လအတွင်း ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်လာမယ်လို့ ထင်နေပြီး (၁၀၀)%ယုံကြည်မှုအပြည့်ရှိတယ်လို့ ပြောထားတာပါ။

အက်စတွန်ဗီလာအသင်းဟာ အင်္ဂလန်တိုက်စစ်မှူး ဝက်ကင်စ်ကို အဓိကတိုက်စစ်မှူးအဖြစ် အသုံးပြုနေပေမယ့် သူဟာ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်(၃)ပွဲစလုံး ခြေစွမ်းပြသနိုင်ဖို့ ခက်ခဲခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒူရမ်ဟာ အက်စတွန်ဗီလာအသင်းကို ရောက်ရှိလာပြီးကတည်းက ပွဲပေါင်း(၅၂)ပွဲပါဝင်ကစားထားရာမှာ (၁၀)ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *