နယ်သာလန်-ဂျာမနီပွဲမှာ လက်ခံနိုင်စရာမရှိတဲ့ အမှားအယွင်းပြုလုပ်ခဲ့လို့ ဒီလစ် လူစားလဲခံရ

0

မနေ့က နယ်သာလန်(၂-၂)ဂျာမနီ UEFA Nations League ပွဲစဉ်မှာ နယ်သာလန်နောက်ခံလူ ဒီလစ်ဟာ လက်ခံနိုင်စရာမရှိတဲ့ အမှားအယွင်းပြုလုပ်ခဲ့လို့ ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရပြီး ပရိသတ်တွေက သူ့ရဲ့စွမ်းဆောင်ရည်အပေါ် သူတို့ရဲ့ဆိုရှယ်မီဒီယာတွေပေါ်မှာ ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ မန်ယူနိုက်တက်အသင်းနောက်ခံလူ ဒီလစ်ဟာ ပြီးခဲ့တဲ့ ဘော့စနီးယာအသင်းနဲ့ပွဲမှာ အမှားအယွင်းပြုလုပ်ခဲ့သလို ဂျာမနီအသင်းနဲ့ပွဲမှာလည်း နောက်ထပ်ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တာပါ။

ဒီလစ်ဟာ ဘော့စနီးယားအသင်းနဲ့ပွဲမှာ အမှားအယွင်းပြုလုပ်ခဲ့ပေမယ့် နယ်သာလန်အသင်းနည်းပြ ရော်နယ်လ်ကိုးမန်းဟာ ဂျာမနီအသင်းနဲ့ပွဲမှာ သူ့ကိုပွဲထွက်လူစာရင်းအသုံးပြုပြီး နောက်ထပ်အခွင့်အရေးပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလစ်ရဲ့ဘောလုံးပေးပို့မှုအမှားအယွင်းကနေ ဂျာမနီအသင်းကို သွင်းဂိုးခွင့်ပြုခဲ့ရတာပါ။ အဲ့ဒါကြောင့် နယ်သာလန်အသင်းနည်းပြ ရော်နယ်လ်ကိုးမန်းဟာ ဒီလစ်ကို ဒုတိယပိုင်းအစမှာ ဘရိုက်တန်အသင်းနောက်ခံလူ ဗန်ဟီကီနဲ့ လူစားလဲခဲ့တာဖြစ်ပါတယ်။

https://x.com/fcimrobin/status/1833607638212288937?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1833607638212288937%7Ctwgr%5E9871a79d4036b44bbeb1391e9d1b0717af52b061%7Ctwcon%5Es1_c10&ref_url=https%3A%2F%2Fwww.dailymail.co.uk%2Fsport%2Ffootball%2Farticle-13835871%2FMatthijs-Ligt-taken-half-time-unacceptable-mistake-Netherlands-draw-Germany-Man-United-defenders-international-break-goes-bad-worse.html

ပရိသတ်တွေက သူတို့ဟာ ဒီလစ်ကို ချစ်ပေမယ့် ဒီလိုအမှားမျိုးကို လုံးဝလက်ခံနိုင်စရာမရှိဘူးလို့ ရေးသားခဲ့သလို သူဟာ နယ်သာလန်ရဲ့မက်ဂွဲယားဆိုပြီး လှောင်ပြောင်မှုတွေလည်း ပြုလုပ်ခဲ့ကြတာပါ။ နယ်သာလန်အသင်းနည်းပြ ရော်နယ်လ်ကိုးမန်းက ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ သူဟာ ဒီလစ်ကို ကွင်းထဲမှာ ဆက်ပြီးထားခဲ့ချင်ပေမယ့် အမှားတွေအားလုံးအတွက် အပြစ်ပေးခံနေရတဲ့ ကာလတစ်ခုကို ရောက်ရှိနေတယ်လို့ ဆိုခဲ့ပါတယ်။

ဒီလစ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက ဘိုင်ယန်မြူးနစ်အသင်းကနေ မန်ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ပရီးမီးယားလိဂ်ပထမဆုံး(၂)ပွဲမှာ လူစားဝင်အဖြစ်သာ ပါဝင်ခဲ့ရပေမယ့် လီဗာပူးလ်အသင်းနဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *