၁၂.၉.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

0

■ ဥရုဂွေးကွင်းလယ်လူ ဘန်တန်ကာဟာ စပါးအသင်းဖော် ဆွန်ဟောင်မင်ကို လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းအသုံးပြုခဲ့လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ရဲ့စွဲချက်တင်ခြင်းခံထားရပါတယ်။ ဘန်တန်ကာဟာ ဒီအပြုအမူအတွက် ဆွန်ဟောင်မင်ကို တောင်းပန်ခဲ့ပေမယ့် FA ရဲ့စွဲချက်တင်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

■ ပြီးခဲ့တဲ့ Nations Laegue ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက်ခြေစွမ်းပြသနိုင်ခဲ့တဲ့ လိုင်လီကွင်းလယ်လူ အိန်ဂျယ်လ်ဂိုးမက်စ်ကို ခေါ်ယူဖို့ နယူးကာဆယ်အသင်းက အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။ လီဗာပူးလ်၊စပါးနဲ့ ဒေါ့မွန်အသင်းတို့ကလည်း အိန်ဂျယ်လ်ဂိုးမက်စ်ကို ခေါ်ယူဖို့စိတ်ဝင်စားနေတာဖြစ်ပါတယ်။

■ ပြင်သစ်နောက်ခံလူ ဝက်စလေဖိုဖာနာက သူဟာ ဒီနွေရာသီမှာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာပြီး မွေးရပ်မြေကလပ် မာဆေးလ်အသင်းထံ ပြောင်းရွှေ့ဖို့စဉ်းစားခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ၂၀၂၂ နွေရာသီက လက်စတာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဖိုဖာနာဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်(၃)ပွဲစလုံးပါဝင်ကစားထားတာဖြစ်ပါတယ်။

■ ရီးရဲလ်မက်ဒရစ်အသင်းဟာ ယူကရိန်းဂိုးသမား လူနင်ကို ၂၀၂၈ ဇွန်အထိ စာချုပ်သစ်ချုပ်ဆိုမယ်လို့ သိရပါတယ်။ လူနင်ဟာ ပြီးခဲ့တဲ့ရာသီက ဘယ်လ်ဂျီယံဂိုးသမား ကော်တိုအာဒဏ်ရာကြောင့် ကာလရှည်ကြာအနားယူနေရချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဂိုးပေါက်ကို အကောင်းဆုံးလက်စွမ်းပြသနိုင်ခဲ့တဲ့သူဖြစ်ပါတယ်။

■ အင်္ဂလန်အသင်းနည်းပြဟောင်း ဆောက်ဂိတ်က သူ့ရဲ့နောက်ထပ်အလုပ်အကိုင်က ဘောလုံးလောကရဲ့အပြင်ဘက်မှာ ဖြစ်နိုင်တယ်လို့ ဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာ အင်္ဂလန်အသင်းနည်းပြရာထူးကနေ နုတ်ထွက်ခဲ့တဲ့ ဆောက်ဂိတ်ဟာ ကမ်းလှမ်းမှုအချို့ရရှိထားပေမယ့် အလျင်စလိုဆုံးဖြတ်မှာမဟုတ်ဘူးလို့ သိရပါတယ်။

■ ဂါလာတာစာရေးအသင်းဟာ အီတလီနောက်ခံလူ အီမာဆန်ကို ခေါ်ယူဖို့ ဝက်စ်ဟမ်းအသင်းထံ ကမ်းလှမ်းဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အီမာဆန်ဟာ ဝက်စ်ဟမ်းအသင်းမှာ ပျော်ရွှင်နေတာကြောင့် တူရကီကို ပြောင်းရွှေ့မှာမဟုတ်ဘူးလို့ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *