၈.၉.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

0

■ စပိန်ကွင်းလယ်လူ အော်လ်မိုဟာ ဘာစီလိုနာအသင်းထံ ပြန်လာခဲ့ပြီး ဒီနေ့ညမှာကစားမယ့် ဆွစ်ဇာလန်အသင်းနဲ့ Nations League ပွဲစဉ်မှာမပါဝင်ဘူးလို့သိရပါတယ်။ အော်လ်မိုရဲ့ဒဏ်ရာဟာ ပြင်းထန်မှုမရှိပေမယ့် စပိန်အသင်းက သူ့ကို ဘယ်လိုစွန့်စားမှုမှမပြုလုပ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

■ ရီးရဲလ်မက်ဒရစ်အသင်းဟာ အာဆင်နယ်အသင်းနောက်ခံလူ ဆာလီဘာကို ၂၀၂၅ နွေရာသီမှာ ခေါ်ယူနိုင်ဖို့စိတ်ဝင်စားနေပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ အာဆင်နယ်အသင်းက အက်စတွန်ဗီလာအသင်းကို(၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဆာလီဘာရဲ့ခြေစွမ်းကိုစောင့်ကြည့်ဖို့ကင်းထောက်တွေစေလွှတ်ခဲ့တယ်လို့သိရပါတယ်။

■ ဂျူဗင်တပ်စ်အသင်းက ထွက်ခွာပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ပြင်သစ်ကွင်းလယ်လူ ရာဘီယူဟာ တူရကီလိဂ်နဲ့ ဆော်ဒီပရိုလိဂ်တို့ရဲ့ကမ်းလှမ်းမှုအဆိုပြုချက်တွေကို လက်ခံဖို့အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။ ရာဘီယူဟာ ဥရောပထိပ်တန်းလိဂ်(၅)လိဂ်မှာပဲ ဆက်ပြီးရှိဖို့ ဦးစားပေးထားတာဖြစ်ပါတယ်။

■ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမနီဗဟိုနောက်ခံလူ ဂျိုနသန်တာကို ခေါ်ယူမယ့် ပြိုင်ဆိုင်မှုမှာ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။ ဂျိုနသန်တာဟာ လေဗာကူဆင်အသင်းနဲ့ ၂၀၂၅ ဇွန်မှာကုန်ဆုံးမယ့် စာချုပ်ကို သက်တမ်းတိုးမှာမဟုတ်ဘူးလို့အတည်ပြုထားပါတယ်။

■ နယူးကာဆယ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနောက်ခံလူ ဂူဟီကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူနိုင်ဖို့နောက်ထပ်ကြိုးပမ်းသွားဖို့ရှိနေပါတယ်။ နယူးကာဆယ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလတစ်လျှောက် ဂူဟီကိုခေါ်ယူနိုင်ဖို့ကမ်းလှမ်းမှုအများအပြားပြုလုပ်ခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းက သူ့ကိုမရောင်းချခဲ့တာဖြစ်ပါတယ်။

■ ဘရာဇီးလ်ကွင်းလယ်လူ အာသာမယ်လိုဟာ ဂျူဗင်တပ်စ်အသင်းရဲ့ချန်ပီယံလိဂ်လူစာရင်းမှာ ပါဝင်နေပေမယ့် ထွက်ခွာဖွယ်ရှိနေပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ အာသာမယ်လိုကို အပြောင်းအရွှေ့ပိတ်မယ့် သောကြာနေ့မတိုင်ခင် တူရကီကလပ်တွေထံ အငှားချနိုင်ဖို့မျှော်လင့်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *