၁၅.၉.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

0

■ အယ်လ်နာဆာအသင်းက အသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲ့ဒါကြောင့် စီရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းရဲ့အာရှချန်ပီယံလိဂ်အဖွင့်ပွဲစဉ်ဖြစ်တဲ့ အယ်လ်ရှောတာအသင်းနဲ့ ပွဲစဉ်ကို လွဲချော်ပြီဖြစ်ပါတယ်။

■ ရီးရဲလ်မက်ဒရစ်အသင်းဟာ မြောက်လန်ဒန်ဒါဘီပွဲစဉ်ကို ကင်းထောက်စေလွှတ်ပြီး အာဆင်နယ်အသင်းနောက်ခံလူ ဆာလီဘာနဲ့ စပါးအသင်းနောက်ခံလူ ရိုမဲရိုးတို့ကို စောင့်ကြည့်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ဆာလီဘာနဲ့ ရိုမဲရိုးတို့ထဲက တစ်ဦးကို ခေါ်ယူနိုင်ဖို့စဉ်းစားနေတာဖြစ်ပါတယ်။

■ အီတလီနောက်ခံလူဟောင်း ချီလီနီဟာ ကစားသမားဘဝကအနားယူပြီးနောက် အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းထံ ပြန်ရောက်ရှိလာခဲ့ပါတယ်။ ချီလီနီဟာ ဂျူဗင်တပ်စ်အသင်းရဲ့ဘောလုံးအဖွဲ့အစည်းဆိုင်ရာဆက်ဆံရေးရဲ့အကြီးအကဲအသစ်အဖြစ်တာဝန်ယူမယ်လို့သိရပါတယ်။

■ ဆော်ဒီတောင်ပံကစားသမား Fahad Al-Muwallad ဟာ ဒူဘိုင်းမှာရှိတဲ့ သူ့တိုက်ခန်းရဲ့လသာဆောင်ပေါ်ကနေ ပြုတ်ကျခဲ့ပြီးနောက် အထူးကြပ်မတ်ကုသဆောင်မှာကုသမှုခံယူနေရတယ်လို့သိရပါတယ်။ Fahad Al-Muwallad ဟာ ဆော်ဒီနိုင်ငံအသင်းအတွက်(၇၈)ပွဲပါဝင်ကစားထားပြီး ရဲတပ်ဖွဲ့က ဒီအဖြစ်အပျက်အပေါ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။

■ မန်ယူနိုက်တက်အသင်းနောက်ခံလူဟောင်း စမောလင်းဟာ အသင်းသစ် အယ်လ်ဖေဟာအသင်းအတွက် ပွဲဦးထွက်အဖြစ်ပါဝင်ကစားခဲ့တဲ့ပွဲစဉ်မှာ ကိုယ့်ဂိုးကိုယ်သွင်းပြီး အနီကတ်ပြသထုတ်ပယ်ခံခဲ့ရပါတယ်။ စမောလင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ရိုးမားအသင်းကနေ ထွက်ခွာပြီး အယ်လ်ဖေဟာအသင်းထံ ပြောင်းရွှေ့ခဲ့ကာ ပွဲဦးထွက်မှာတင် စိတ်ပျက်စရာကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

■ ဝက်စ်ဟမ်းအသင်းဟာ အသင်းလက်မဲ့ဖြစ်နေတဲ့ ကင်မရွန်းနောက်ခံလူဟောင်း မာတစ်ကို ခေါ်ယူနိုင်ဖို့လုပ်ဆောင်နေပါတယ်။ မာတစ်ဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် အခုအချိန်ထိအသင်းသစ်မရရှိသေးတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *