၅.၉.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

0

■ ဒေါ့မွန်အသင်းကနေ ထွက်ခွာပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့တဲ့ ဂျာမနီဝါရင့်နောက်ခံလူ ဟမ်းမဲလ်ဟာ ရိုးမားအသင်းထံ (၁)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဟမ်းမဲလ်ဟာ အသင်းအများအပြားနဲ့ သတင်းတွေထွက်ခဲ့ပေမယ့် ရိုးမားအသင်းထံ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

■ ချယ်လ်ဆီးနဲ့ မန်ယူနိုက်တက်အသင်းကွင်းလယ်လူဟောင်း မာတာဟာ အေလိဂ်ကလပ် ဝက်စတန်ဆစ်ဒနီဝမ်းဒါးရားစ်အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။ မာတာဟာ ဂျပန်ကလပ် ဗစ်ဆဲလ်ကိုဘီအသင်းကနေ ထွက်ခွာပြီးနောက် ဒိန်းမတ်ကလပ် နော့ဂျေးလန်းအသင်းမှာ လေ့ကျင့်မှုတွေပြုလုပ်ခဲ့သေးတာဖြစ်ပါတယ်။

■ ရီးရဲလ်မက်ဒရစ်အသင်းနောက်ခံလူ ကာဗာဟယ်လ်က သူဟာ ကစားသမားဘဝကနေ အနားမယူခင် အမေရိကန်နိုင်ငံမှာ သွားကစားဖို့ဖြစ်နိုင်ဖွယ်ရှိတယ်လို့ဆိုခဲ့ပါတယ်။ ကာဗာဟယ်လ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့စာချုပ်ဟာ ၂၀၂၅ ဇွန်ကျရင် ကုန်ဆုံးပြီဖြစ်ပါတယ်။

■ ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီဟာ နည်းပြမော်ရင်ဟိုကိုင်တွယ်နေတဲ့ ဖီနာဘာချီအသင်းနဲ့ သတင်းတွေထွက်နေပေမယ့် သူကတော့ မန်ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့အစီအစဉ်မရှိဘူးလို့ သိရပါတယ်။ အန်တိုနီဟာ ဒီရာသီ မန်ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့်ရဖို့ ခက်ခဲနိုင်ပေမယ့် ဆက်ရှိပြီး နေရာအတွက် တိုက်ပွဲဝင်ချင်နေတာဖြစ်ပါတယ်။

■ မန်ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း မာရှယ်ကို ခေါ်ယူဖို့ ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းက ဆက်သွယ်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မန်ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေတဲ့ မာရှယ်ဟာ မကြာသေးခင်က ဂရိကလပ် AEK အေသင်အသင်းရဲ့ကမ်းလှမ်းမှုကိုလည်း ရရှိထားတာဖြစ်ပါတယ်။

■ ပရီးမီးယားလိဂ်ရာသီအစ(၃)ပွဲစလုံးအရေးနိမ့်ထားတဲ့ အဲဗာတန်အသင်းဟာ နည်းပြဟောင်း ဒေးဗစ်မွိုက်စ်ကို နည်းပြသစ်အဖြစ်ပြန်လည်ခန့်အပ်ဖို့ စဉ်းစားနေပါတယ်။ ဒေးဗစ်မွိုက်စ်ဟာ ပြီးခဲ့တဲ့ရာသီအကုန်က ဝက်စ်ဟမ်းအသင်းကနေ ထွက်ခွာပြီးနောက် ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်းမရှိသေးတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *