စပါး-အာဆင်နယ်ပွဲမှာ ဆာကာဒဏ်ရာရခဲ့ပြီး အာဆင်နယ်အတွက် နောက်ထပ် ဒဏ်ရာစိုးရိမ်မှု ကြုံတွေ့ခဲ့ရ

0

မနေ့က စပါး(ဝ-၁)အာဆင်နယ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အင်္ဂလန်တောင်ပံကစားသမား ဆာကာ ဒဏ်ရာရရှိခဲ့တာကြောင့် အာဆင်နယ်အသင်းအတွက် ပွဲကြီးပွဲကောင်းတွေမတိုင်ခင် နောက်ထပ်ဒဏ်ရာစိုးရိမ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဆာကာဟာ ဒီပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့တဲ့ နောက်ခံလူ ဂါဘရီရယ်လ်ရဲ့သွင်းဂိုးကို ဖန်တီးနိုင်ခဲ့ပေမယ့် ပွဲချိန်(၈၆)မိနစ်မှာ လဲကျခဲ့ပြီး ပွဲကိုဆက်ကစားနိုင်ခြင်းမရှိတော့တာပါ။

ဆာကာဟာ ကွင်းအတွင်းကုသမှုခံယူခဲ့ပေမယ့် ဆက်ကစားနိုင်ခြင်းမရှိတော့တဲ့အတွက် အာဆင်နယ်အသင်းဟာ သူ့ရဲ့နေရာမှာ လူငယ်ကြယ်ပွင့် နွာနီရီကို လူစားလဲခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းနည်းပြ အာတီတာက ဆာကာဟာ ပွဲကိုဆက်ကစားနိုင်ခြင်းမရှိတော့ဘူးလို့ ပြောခဲ့တာကြောင့် သူ့ကို လူစားလဲခဲ့ရတယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဆာကာမတိုင်ခင် အသင်းခေါင်းဆောင် အော်တီဂါ၊မယ်ရီနိုနဲ့ ကာလာဖီအိုရီတို့ကိုလည်း ဒဏ်ရာတွေကြောင့် စပါးအသင်းနဲ့ပွဲစဉ်မှာ အသုံးပြုလို့မရခဲ့ပါဘူး။

ဒါ့အပြင် အာဆင်နယ်အသင်းဟာ ဇင်ချန်ကို၊တိုမီယာဆုနဲ့ တီယာနေးတို့ကိုလည်း ဒဏ်ရာကြောင့် အနားပေးခဲ့ရတာပါ။ စပါးအသင်းနဲ့ပွဲစဉ်မှာ ပွဲပယ်ကြောင့် မပါဝင်နိုင်ခဲ့တဲ့ အင်္ဂလန်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ဟာ လာမယ့်ပွဲတွေမှာ ပြန်ပါဝင်နိုင်မှာဖြစ်လို့ အာဆင်နယ်အသင်းအတွက် ကွင်းလယ်ပိုင်းမှာ ရွေးချယ်စရာပြန်လည်ရရှိမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ စပါးအသင်းကို အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်(၂)နေရာမှာ ရပ်တည်နေပြီး အဆင့်(၁)နေရာက မန်စီးတီးအသင်းနဲ့ (၂)မှတ်ကွာဟနေတာပါ။

အာဆင်နယ်အသင်းဟာ ကြားရက်ထဲမှာ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်အဖြစ် အတ္တလန်တာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲပြီးရင် မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *