ဆွန်ဟောင်မင်နဲ့ တောင်ကိုရီးယားနိုင်ငံသားတွေကို လှောင်ပြောင်ခဲ့လို့ ပွဲပယ်ပြစ်ဒဏ်ကျခံရဖွယ်ရှိနေတဲ့ ဘန်တာကာ

0

စပါးအသင်းရဲ့ဥရုဂွေးကွင်းလယ်လူ ဘန်တာကာဟာ စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်နဲ့ တောင်ကိုရီးယားနိုင်ငံသားတွေကို လှောင်ပြောင်ခဲ့တဲ့စကားကြောင့် ပွဲပယ်ပြစ်ဒဏ်ကျခံရဖွယ်ရှိနေပါတယ်။

TV အင်တာဗျူးတစ်ခုမှာ ဘန်တာကာက ဆွန်ဟောင်မင်နဲ့ တောင်ကိုရီးယားနိုင်ငံသားတွေက ရုပ်ချင်းခွဲမရအောင် တူလို့ မိမိအနေနဲ့ မခွဲခြားနိုင်ဘူးလို့ ဟာသလုပ်ပြောဆိုခဲ့တာပါ။

ဘန်တာကာက ပေါ့ပေါ့ပါးပါး ဟာသလုပ်ပြောခဲ့တာဖြစ်ပေမယ့် သူပြောတဲ့စကားက တောင်ကိုရီးယားနိုင်ငံသားတွေကို ဒေါသထွက်စေခဲ့ပြီး လူမျိုးရေးထိခိုက်ပြောဆိုတာဖြစ်တယ်လို့ စွပ်စွဲဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။

လူမျိုးရေးထိခိုက်ပြောဆိုတဲ့ လုပ်ရပ်ဖြစ်နေလို့ ဘန်တာကာအနေနဲ့ ပွဲပယ်ပြစ်ဒဏ် (၆)ပွဲကနေ (၁၂)ပွဲ အထိကျခံရဖွယ်ရှိနေကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြကြပါတယ်။

သူ့အနေနဲ့ လာမယ့်စက်တင်ဘာ(၁၉)ရက်နေ့နောက်ဆုံးထားကာ ဒီစကားကို ဖြေရှင်းဖို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က သတိပေးထားကြောင်းလည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *