ယူရို(၂၀၂၈)ပြိုင်ပွဲအိမ်ရှင်ကျင်းပခွင့်နဲ့ ဝင်ပြိုင်ခွင့်ဆုံးရှုံးရနိုင်တယ်လို့ အင်္ဂလန်ကို UEFA သတိပေး

0

အင်္ဂလန်၊ အိုင်ယာလန်၊ စကော့တလန်၊ အိုင်ယာလန်၊ မြောက်အိုင်ယာလန်အစရှိတဲ့ ဗြိတိန်ကျွန်းစုနိုင်ငံတွေမှာကျင်းပဖို့ စီစဉ်ထားတဲ့ ယူရို-၂၀၂၈ ပြိုင်ပွဲကို အင်္ဂလန်နိုင်ငံအနေနဲ့ အိမ်ရှင်အဖြစ်ကျင်းပခွင့်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ဆုံးရှုံးရနိုင်တယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က သတိပေးလိုက်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမာက အင်္ဂလန်ဘောလုံးလောကကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ စီစဉ်နေတာကြောင့် အားကစားကို အစိုးရက ဝင်ရောက်စွက်ဖက်ရင် အရေးယူသွားမယ်လို့ UEFAက ခြိမ်းခြောက်ခဲ့တာပါ။

လေဘာပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ ကီယာစတာမာဟာ Independent Football Regulator (IFR)လို့ အမည်ရတဲ့ စနစ်တစ်ခုကို အကောင်အထည်ဖော်ပြီး အင်္ဂလန်လိဂ်အတန်းအသီးသီးက ဘောလုံးကလပ်အသင်းတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေတာပါ။

ကလပ်အသင်းတွေရဲ့ဘဏ္ဍာရေးအခြေအနေတွေကိုပါ စောင့်ကြည့်ပြီး အစိုးရက ပါဝင်ထိန်းချုပ်မယ့် ကီယာစတာမာရဲ့အစီအစဉ်တွေကို ရှေ့ဆက်မယ်ဆိုရင် အင်္ဂလန်ကလပ်အသင်းတွေအနေနဲ့ ဥရောပပြိုင်ပွဲတွေ ဝင်ပြိုင်ခွင့်ဆုံးရှုံးနိုင်သလို အင်္ဂလန်လက်ရွေးစင်အသင်းအနေနဲ့လည်း ယူရို-၂၀၂၈ ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ဆုံးရှုံးနိုင်ကြောင်း၊ ဒါ့အပြင် ဒီပြိုင်ပွဲကို အိမ်ရှင်နိုင်ငံပြောင်းလဲဖို့လည်း မိမိတို့ စဉ်းစားသွားမှာဖြစ်ကြောင်း UEFA ရဲ့အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ သီယိုဒိုရီဒစ်က ပြောခဲ့ပါတယ်။

သူ့အနေနဲ့ အင်္ဂလန်နိုင်ငံ ယဉ်ကျေးမှု၊ မီဒီယာနဲ့ အားကစားဝန်ကြီး လီဆာနန်ဒီဆီလည်း ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး စာရေးသားပေးပို့အသိပေးထားကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *