ဥရောပထိပ်တန်းလိဂ် ချန်ပီယံဆုတွေကို အသီးသီးကိုင်မြှောက်နိုင်ခဲ့တဲ့ ဆွစ်ဇာလန်ကစားသမား (၃)ဦး

0

ဒီရာသီဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၃)ခုမှာ ဆွစ်ဇာလန်ကစားသမား(၃)ဦးက ဆုဖလားတွေကိုအသီးသီး ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

ဆွစ်ဇာလန်လက်ရွေးစင်အသင်းရဲ့တတိယအသင်းခေါင်းဆောင်ဖြစ်သူ ဂိုးသမားဆွန်မားက အင်တာမီလန်အသင်းနဲ့အတူ စီးရီးအေချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး ဆွစ်ဇာလန်လက်ရွေးစင်နောက်ခံလူ အကန်ဂျီက မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

ဆွစ်ဇာလန်လက်ရွေးစင်အသင်းခေါင်းဆောင် ကွင်းလယ်လူရှာကာကတော့ လေဗာကူဆင်အသင်းနဲ့အတူ ဘွန်ဒစ်လီဂါချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဥရောပမှာ ထိပ်တန်းလက်ရွေးစင်အသင်းမဟုတ်တဲ့ ဆွစ်ဇာလန်လိုအသင်းမျိုးက ကစားသမားတွေ ဒီလို အောင်မြင်မှုတွေရယူနိုင်ခဲ့တာက ထူးခြားတယ်လို့ ဆိုရမှာဖြစ်ပြီး လာမယ့် ယူရို၂၀၂၄ ပြိုင်ပွဲမှာရော ဆွစ်ဇာလန်အသင်းကို ဒီချန်ပီယံကစားသမား(၃)ယောက်က ဘယ်လောက်အထိ တွန်းတင်ပေးနိုင်ဦးမလဲဆိုတာ ကြည့်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *