တုပ်ကွေးကြောင့် လန်ဒန်ကို ရီးရယ်လ်မက်ဒရစ်အသင်းနဲ့အတူ ဂိုးသမားလူနင် လိုက်ပါဖွယ်မရှိ

0

ရီးရယ်လ်မက်ဒရစ်အသင်းဟာ ဒေါ့မွန်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်အတွက် ကြာသပတေးနေ့မှာ လန်ဒန်ကို သွားရောက်မှာဖြစ်ပေမယ့် ယူကရိန်းဂိုးသမား လူနင်ဟာ သူတို့နဲ့အတူ လိုက်ပါဖွယ်မရှိဘူးလို့ သိရပါတယ်။

လူနင်ဟာ အခုရက်သတ္တပတ်ထဲမှာ တုပ်ကွေးရောဂါခံစားနေရတာကြောင့် သူတစ်ဦးတည်း လန်ဒန်ကို ထွက်ခွာလာဖွယ်ရှိနေတယ်လို့ The Sun က ဖော်ပြထားတာပါ။

ရီးရယ်လ်မက်ဒရစ်ဂိုးသမား လူနင်

ရီးရယ်လ်မက်ဒရစ်အသင်းရဲ့အဓိကဂိုးသမား ကော်တိုအာဟာ ဒဏ်ရာကြောင့် တစ်ရာသီလုံးနီးပါး အနားယူခဲ့ရတဲ့အတွက် လူနင်ဟာ ရီးရယ်လ်မက်ဒရစ်အသင်းရဲ့ဂိုးပေါက်ကို တာဝန်ယူခဲ့ရပြီး လက်စွမ်းပြသနေခဲ့တာဖြစ်ပါတယ်။ လူနင်ဟာ မန်စီးတီးအသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်ရဲ့ပယ်နယ်တီအဆုံးအဖြတ်မှာ ရီးရယ်လ်မက်ဒရစ်အသင်း ဆီမီးဖိုင်နယ်တက်နိုင်အောင် ပယ်နယ်တီတွေကို ကာကွယ်သွားနိုင်ခဲ့တာပါ။ ရီးရယ်လ်မက်ဒရစ်အသင်းကစားသမားတွေဟာ ကြာသပတေးနေ့မှာ လန်ဒန်ကို ရောက်ရှိမှာဖြစ်ပြီး လူနင်ကတော့ သူ့ရဲ့ရောဂါကူးစက်နိုင်မှုအခြေအနေကို လျှော့ချနိုင်ဖို့ သောကြာ ဒါမှမဟုတ် စနေနေ့မှာ ရောက်ရှိလာမယ်လို့ မာကာသတင်းစာမှာ ဖော်ပြထားပါတယ်။

လူနင်ဟာ တုပ်ကွေလူနင်ရဲ့အခြေအရတာကြောင့် အသင်းဖော်တွေနဲ့ လေ့ကျင့်မှုမပြုလုပ်နိုင်ပေမယ့် နေအိမ်မှာ လေ့ကျင့်မှုတွေပြုလုပ်နေတဲ့ပုံတွေကို သူ့ရဲ့ဇနီးဖြစ်သူက ဆိုရှယ်မီဒီယာမှာ မျှဝေခဲ့တာပါ။ နည်းပြ အန်ဆယ်လော့တီအနေနဲ့ လူနင်ရဲ့အခြေအနေပေါ်မူတည်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲလူစာရင်းမှာ ထည့်သွင်းအသုံးပြုဖို့ရှိ၊မရှိ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ လူနင်အနေနဲ့ကျန်းမာရေးအခြေအနေအားလုံးကောင်းတယ်ဆိုရင်တောင် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပါဝင်ရဖို့ မသေချာတာပါ။

ရီးရယ်လ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီဟာ ပြီးခဲ့တဲ့ အင်တာဗျူးတွေမှာ လူနင်နဲ့ ကော်တိုအာတို့ နှစ်ဦးစလုံးဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပါဝင်ဖို့ ထိုက်တန်တယ်လို့ ပြောထားပါတယ်။ လက်ရှိအခြေအနေအရဆိုရင် ကော်တိုအာပဲ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်အတွက် ရီးရယ်လ်မက်ဒရစ်အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖို့ ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *