Month: May 2024

ဘယ်လင်ဂမ်၊ လာမင်းယာမားလ်နဲ့ မီချယ်လ်ဆန်းချက်ဇ်တို့ ဆွတ်ခူးခဲ့တဲ့ လာလီဂါအကောင်းဆုံးဆုများ

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ ၂၀၂၃-၂၄ ဘောလုံးရာသီအတွက် လာလီဂါ အကောင်းဆုံးကစားသမားဆု (La Liga’s Player of the Year)ကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အခုနှစ်အတွက် လာလီဂါအကောင်းဆုံးဆုတွေကို လာလီဂါဘောလုံးအဖွဲ့ချုပ်(LFP)က Sardinia ကျွန်းမှာ ပြုလုပ်ခဲ့တဲ့...

PSG ဆီက ဘာပေ ယူရိုသန်း(၈၀)ရရှိဖို့ အကြွေးတင်နေတယ်လို့ သတင်းထွက်ပေါ်

ပြင်သစ်တိုက်စစ်မှူး ဘာပေဟာ PSG အသင်းဆီကနေ ယူရိုသန်း(၈၀)ရရှိဖို့ အကြွေးတင်နေတယ်လို့ ပြင်သစ်မီဒီယာတွေက ဖော်ပြထားပါတယ်။ ဘာပေဟာ PSG အသင်းအတွက် နောက်ဆုံးပွဲစဉ်ပါဝင်ကစားပေးခဲ့ပြီးဖြစ်သလို စာချုပ်ကုန်ဆုံးချိန်မှာ ထွက်ခွာမယ်လို့ တရားဝင်ကြေညာထားတာပါ။ ဘာပေဟာ PSG အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဇွန်(၃၀)ရက်မှာ...

ကွန်ပနီကို နည်းပြသစ်အဖြစ် ဘိုင်ယန်မြူးနစ်(၃)နှစ်စာချုပ်ချုပ်ဆိုကာ ခန့်အပ်

ဘိုင်ယန်မြူးနစ်အသင်းဟာ ဘယ်လ်ဂျီယံလူမျိုးနည်းပြ ကွန်ပနီကို နည်းပြသစ်အဖြစ် (၃)နှစ်စာချုပ်ချုပ်ဆိုကာ ခန့်အပ်လိုက်လိုက်ပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ကွန်ပနီကို နည်းပြသစ်အဖြစ်ခန့်အပ်နိုင်ဖို့ သူ့ရဲ့အသင်းဟောင်း ဘန်လေအသင်းကို လျော်ကြေးပေါင်(၁၀.၂)သန်း ပေးချေခဲ့ရတယ်လို့ သိရပါတယ်။ ကွန်ပနီဟာ ၂၀၂၂-၂၃ ရာသီက ဘန်လေအသင်းနဲ့အတူ ချန်ပီယံရှစ်ပြိုင်ပွဲမှာ...

ဖီအိုရမ်တီးနားကို အချိန်ပိုသွင်းဂိုးနဲ့ အနိုင်ယူပြီး အမိမြေမှာကွန်းဖရန့်လိဂ်ချန်ပီယံ ဖြစ်ခဲ့တဲ့ အိုလံပီယာကော့စ်

အိုလံပီယာကော့စ်(၁-ဝ)ဖီအိုရမ်တီးနား(ယူရိုပါကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ) ဥရောပတတိယတန်းစားဖလားပြိုင်ပွဲဖြစ်တဲ့ ယူရိုပါကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲမှာ ဂရိကလပ် အိုလံပီယာကော့စ်အသင်းက အီတလီကလပ်ဖီအိုရမ်တီးနားအသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ယူပြီး ဥရောပဆုဖလားတစ်လုံးကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီဗိုလ်လုပွဲကို ဂရိမြေမှာ ကျင်းပတာဖြစ်လို့ မိမိမြေ၊ မိမိပရိသတ်အများစုရဲ့ရှေ့မှောက်မှာ အိုလံပီယာကော့စ်အသင်းအနေနဲ့ ဥရောပဆုဖလားရတဲ့...

ဆော်ဒီပရိုလိဂ် နောက်ဆုံးပွဲစဉ်မှာ တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံးစံချိန်သစ်တင်ခဲ့တဲ့ စီရော်နယ်ဒို

အယ်လ်နာဆာအသင်းက အယ်လ်အစ်တီဟတ်အသင်းကို (၄-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ဆော်ဒီလိဂ်အဆုံးသတ်ပွဲစဉ်မှာ အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်ဒိုက (၂)ဂိုးသွင်းယူခဲ့ပြီး ဆော်ဒီလိဂ်ပြိုင်ပွဲရဲ့အရေးပါတဲ့စံချိန်တစ်ခုကို ရိုက်ချိုးခဲ့ပါတယ်။ ဒီ(၂)ဂိုးအပါအဝင်ဆိုရင် ဒီရာသီဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ စီရော်နယ်ဒိုသွင်းယူခဲ့တဲ့ ဂိုးက (၃၅)ဂိုးအထိရှိပြီဖြစ်ပါတယ်။ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး စံချိန်ရှင် စီရော်နယ်ဒို အရင်က ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ...

ဘာစီလိုနာ နည်းပြရာထူးက မလွယ်ဘူးလို့ နောက်လူကို ဇာဗီ သတိပေး

မနေ့က ဆီဗီလာ(၁-၂)ဘာစီလိုနာ စပိန်လာလီဂါပွဲအပြီးမှာ စပိန်လူမျိုးနည်းပြဇာဗီက ဘာစီလိုနာအသင်းနည်းပြရာထူးက မလွယ်ကူဘူးလို့ နည်းပြသစ်ဖြစ်လာမယ့်သူကို သတိပေးစကားပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဘာစီလိုနာအသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံထားရတဲ့ ဇာဗီဟာ ဆီဗီလာအသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ သူ့ရဲ့ဘာစီလိုနာအသင်းနည်းပြဘ၀ နောက်ဆုံးပွဲစဉ်အဖြစ် ကိုင်တွယ်သွားခဲ့တာပါ။ နည်းပြဖြစ်သူ ဇာဗီကိုနှုတ်ဆက်နေသော ဖာမင်း...

ကွန်းဖရန့်လိဂ်ပြိုင်ပွဲသာ ဝင်ခွင့်ရခဲ့ပေမယ့် ချယ်လ်ဆီးပရိသတ်အချို့ အကောင်းမြင်ကျေနပ်

ချယ်လ်ဆီးအသင်းပရိသတ်အချို့ဟာ လာမယ့်ရာသီကွန်းဖရန့်လိဂ်ဝင်ခွင့်ရတဲ့အပေါ် ကျေနပ်ကြောင်း သူတို့ရဲ့ဆိုရှယ်မီဒီယာတွေမှာ အကောင်းမြင်စိတ်နဲ့ ရေးသားနေကြပါတယ်။ မန်ယူနိုက်တက်အသင်းက FA ဖလားဗိုလ်လုပွဲမှာ မန်စီးတီးအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် လာမယ့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့်ကို ရရှိသွားခဲ့ပြီး ချယ်လ်ဆီးအသင်းက ကွန်းဖရန့်လိဂ်ပြိုင်ပွဲကိုသာ ယှဉ်ပြိုင်ရတော့မှာပါ။ ၂၀၂၃-၂၄ ရာသီ...

အောင်ပွဲခံအခမ်းအနားမှာ ဘတ်စ်ကားပေါ်ကနေ ဂရီးလစ်ချ်(၂)ကြိမ်တိုင်တိုင် ပြုတ်ကျလုနီးပါးဖြစ်ခဲ့

ပရီးမီးယားလိဂ်ဆုဖလားကို(၄)ကြိမ်ဆက်တိုက် ရယူနိုင်တဲ့ မန်စီးတီးအသင်းဟာ တနင်္ဂနွေနေ့က အမိုးဖွင့်ဘတ်စ်ကားနဲ့ အောင်ပွဲခံအခမ်းအနားကျင်းပခဲ့ရာမှာ အင်္ဂလန်တောင်ပံကစားသမား ဂရီးလစ်ရှ်ဟာ ဘတ်စ်ကားပေါ်ကနေ (၂)ကြိမ်တိုင်တိုင်ပြုတ်ကျလုနီးပါးဖြစ်ခဲ့တာကို ရုပ်သံတွေမှာ ဖော်ပြထားပါတယ်။ မန်စီးတီးအသင်းနည်းပြအဖွဲ့ဝင်တွေနဲ့ ကစားသမားတွေဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ဘယ်အသင်းကမှ မလုပ်နိုင်ဖူးသေးတဲ့ အောင်ပွဲကို ရယူနိုင်ခဲ့တာကြောင့် မန်ချက်စတာမြို့အတွင်း...

ရီးရယ်လ်မက်ဒရစ် ကစားသမားဘဝ ဘာနေဗျူးနှုတ်ဆက်ပွဲမှာ တိုနီကရုးစ် ငိုကြွေး

မနေ့က ရီးရယ်လ်မက်ဒရစ်(ဝ-ဝ)ဘက်တစ် စပိန်လာလီဂါပွဲစဉ်မှာ ဂျာမနီကွင်းလယ်လူ တိုနီကရူးစ်ဟာ ရီးရယ်လ်မက်ဒရစ်အသင်းကစားသမားဘဝအိမ်ကွင်းနောက်ဆုံးပွဲစဉ်အဖြစ် ဘာနေဗျူးရှိ ပရိသတ်တွေကို မိသားစုနဲ့အတူ နှုတ်ဆက်မှုပြုလုပ်ရင်း ငိုကြွေးခဲ့ပါတယ်။ တိုနီကရူးစ်ဟာ လာမယ့်ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝက အနားယူမယ်လို့ တရားဝင်ကြေညာထားတာပါ။ ကစားသမားဘဝကနေအနားယူတော့မယ့် တိုနီကရုးစ်ကို အသင်းဖော်တွေဂုဏ်ပြုနှုတ်ဆက်နေကြစဉ်...

ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်အသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ ဝိန်းရွန်နီ

ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်အသင်းဟာ မန်ယူနိုက်တက်ဂန္ထဝင် ဝိန်းရွန်နီကို နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ ဝိန်းရွန်နီဟာ ရလဒ်ဆိုးတွေကြောင့် ဧပြီ(၁)ရက်က ထုတ်ပယ်ခံခဲ့ရတဲ့ အီယန်ဖော်စတာရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ပလိုင်းမောက်အသင်းနည်းပြသစ်အဖြစ် တာဝန်ယူရမှာပါ။​ေ ပြီးခဲ့တဲ့ ဇန်နဝါရီက ဘာမင်ဂမ်အသင်း နည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရပြီးနောက် ပလိုင်းမောက်အသင်းဟာ...