အောင်ပွဲခံအခမ်းအနားမှာ ဘတ်စ်ကားပေါ်ကနေ ဂရီးလစ်ချ်(၂)ကြိမ်တိုင်တိုင် ပြုတ်ကျလုနီးပါးဖြစ်ခဲ့

0

ပရီးမီးယားလိဂ်ဆုဖလားကို(၄)ကြိမ်ဆက်တိုက် ရယူနိုင်တဲ့ မန်စီးတီးအသင်းဟာ တနင်္ဂနွေနေ့က အမိုးဖွင့်ဘတ်စ်ကားနဲ့ အောင်ပွဲခံအခမ်းအနားကျင်းပခဲ့ရာမှာ အင်္ဂလန်တောင်ပံကစားသမား ဂရီးလစ်ရှ်ဟာ ဘတ်စ်ကားပေါ်ကနေ (၂)ကြိမ်တိုင်တိုင်ပြုတ်ကျလုနီးပါးဖြစ်ခဲ့တာကို ရုပ်သံတွေမှာ ဖော်ပြထားပါတယ်။

မန်စီးတီးအသင်းနည်းပြအဖွဲ့ဝင်တွေနဲ့ ကစားသမားတွေဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ဘယ်အသင်းကမှ မလုပ်နိုင်ဖူးသေးတဲ့ အောင်ပွဲကို ရယူနိုင်ခဲ့တာကြောင့် မန်ချက်စတာမြို့အတွင်း လှည့်လှည်ပြီး အောင်ပွဲခံခဲ့ကြတာပါ။

မန်စီးတီးအသင်းဟာ (၄)ကြိမ်ဆက်တိုက် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့အတွက် နောက်ဆုံးပွဲစဉ်အထိ အဆင့်(၂)နေရာက အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆုဖလား(၃)လုံးရယူနိုင်ခဲ့ပြီးနောက် အမိုးဖွင့်ဘတ်စ်ကားနဲ့ အောင်ပွဲခံခဲ့သလို ဒီနှစ်မှာလည်း သမိုင်းဝင်အောင်ပွဲအတွက် ကလပ်ရဲ့အရောင်ပါ အမိုးဖွင့်ဘတ်စကားကြီးနဲ့ အောင်ပွဲခံခဲ့တာပါ။ ဂရီးလစ်ရှ်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းရဲ့အောင်ပွဲခံမှုမှာ နာမည်ကြီးခဲ့သလို ဒီနှစ်မှာလည်း သူက ထိပ်ဆုံးကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ဂရီးလစ်ရှ်ဟာ ဘတ်စ်ကားပေါ်ကနေ (၂)ကြိမ်တိုင်တိုင် ပြုတ်ကျလုနီးပါး အခြေအနေနဲ့ ကြုံတွေ့ခဲ့ရပြီး ကံကောင်းခဲ့လို့ အန္တရာယ်ကနေ လွတ်မြောက်ခဲ့တာပါ။ ဂရီးလစ်ရှ်ဟာ ကားပေါ်မှာ ကခုန်အောင်ပွဲခံနေခဲ့ပြီး ပြုတ်ကျမယ့် အခြေအနေတွေကနေ အသင်းဖော်တွေဖြစ်တဲ့ ဒိုကူနဲ့ ရိုဒရီတို့က သူ့ကို ကာကွယ်မှုတွေပြုလုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။ ဂရီးလစ်ရှ်ဟာ ဒီရာသီမှာ ဒဏ်ရာတွေကြောင့် မန်စီးတီးအသင်းအတွက် ကောင်းမွန်စွာခြေစွမ်းမပြသနိုင်ပေမယ့် အောင်ပွဲခံနေချိန်မှာ အဆိုးရွားဆုံးအခြေအနေထိ ရောက်ရှိခဲ့တာပါ။

မန်စီးတီးအသင်းရဲ့အောင်ပွဲခံအခမ်းအနားကျင်းပချိန်မှာ မိုးရွာနေပေမယ့် ပရိသတ်ထောင်ပေါင်းများစွာဟာ မန်ချက်စတာရှိ လမ်းတွေပေါ်မှာ စောင့်ဆိုင်းပြီး အသင်းကို အားပေးဂုဏ်ပြုမှုတွေပြုလုပ်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *