ဆော်ဒီပရိုလိဂ် နောက်ဆုံးပွဲစဉ်မှာ တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံးစံချိန်သစ်တင်ခဲ့တဲ့ စီရော်နယ်ဒို

0

အယ်လ်နာဆာအသင်းက အယ်လ်အစ်တီဟတ်အသင်းကို (၄-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ဆော်ဒီလိဂ်အဆုံးသတ်ပွဲစဉ်မှာ အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်ဒိုက (၂)ဂိုးသွင်းယူခဲ့ပြီး ဆော်ဒီလိဂ်ပြိုင်ပွဲရဲ့အရေးပါတဲ့စံချိန်တစ်ခုကို ရိုက်ချိုးခဲ့ပါတယ်။

ဒီ(၂)ဂိုးအပါအဝင်ဆိုရင် ဒီရာသီဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ စီရော်နယ်ဒိုသွင်းယူခဲ့တဲ့ ဂိုးက (၃၅)ဂိုးအထိရှိပြီဖြစ်ပါတယ်။

ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး စံချိန်ရှင် စီရော်နယ်ဒို

အရင်က ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့တာက မော်ရိုကိုတိုက်စစ်မှူးဟမ်ဒဲလားဖြစ်ပြီး ၂၀၁၈-၁၉ ရာသီက အယ်လ်နာဆာအသင်းအတွက် (၃၄)ဂိုးသွင်းပေးပြီးစံချိန်တင်ခဲ့တာပါ။

အခု စီရော်နယ်ဒိုက ပြီးခဲ့တဲ့ရာသီ ချန်ပီယံအယ်လ်အစ်တီဟတ်အသင်းကို ရာသီပိတ်နောက်ဆုံးပွဲမှာ (၂)ဂိုးသွင်းယူခဲ့ပြီး ဟမ်ဒဲလားရဲ့စံချိန်ကို တစ်ဂိုးအသာနဲ့ ကျော်ဖြတ်ခဲ့တာပါ။

ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ အယ်လ်ဟီလယ်အသင်းက ရမှတ်(၉၆)မှတ်နဲ့ ချန်ပီယံအဖြစ်ဗိုလ်စွဲခဲ့ပြီး အယ်လ်နာဆာအသင်းက ရမှတ်(၈၂)မှတ်နဲ့ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာပါ။

မနှစ်က ချန်ပီယံအယ်လ်အစ်တီဟတ်အသင်းကတော့ ရမှတ်(၅၄)မှတ်နဲ့ အဆင့်(၅)နေရာနဲ့သာကျေနပ်ခဲ့ရပြီး လာမယ့်ရာသီအာရှပြိုင်ပွဲတွေ ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ပါတယ်။

စီရော်နယ်ဒိုအနေနဲ့ ဥရောပမှာ စံချိန်မှတ်တမ်းများစွာနဲ့အတူ ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုတွေများစွာရယူနိုင်ခဲ့ပြီး အာရှမြေ ဆော်ဒီရောက်လာချိန်မှာလည်း ဂိုးသွင်းအများဆုံးစံချိန်မှတ်တမ်းတစ်ခုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *