Month: May 2024

ဇွန်လထဲမှာ အန်ဖီးကွင်းကိုပြန်လာဦးမယ့် ယာဂန်ကလော့ပ်

ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲခဲ့တဲ့နည်းပြပိုချက်တီနိုက လာမယ့်ဇွန်လထဲမှာ ချယ်လ်ဆီးအသင်းရဲ့အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ချ်ကို ပြန်လာမှာဖြစ်သလို လီဗာပူးလ်အသင်းနဲ့ လမ်းခွဲခဲ့တဲ့နည်းပြယာဂန်ကလော့ပ်ကလည်း လာမယ့်ဇွန်လထဲမှာ လီဗာပူးလ်အသင်းရဲ့အိမ်ကွင်းအန်ဖီးလ်ကို ပြန်လာမှာဖြစ်ပါတယ်။ လာပုံလာနည်းချင်းကတော့ ကွာခြားပါတယ်။ ပိုချက်တီနိုက UNICEF ရန်ပုံငွေပွဲတစ်ပွဲမှာ နည်းပြအဖြစ် ကိုင်တွယ်ဖို့ စတမ်းဖို့ဒ်ဘရစ်ချ်မြက်ခင်းပြင်ကို ခြေချရမှာဖြစ်ပြီး ယာဂန်ကလော့ပ်ကတော့...

တန်းဆင်းခဲ့သည့် ဘန်လေအသင်းနည်းပြ ကွန်ပနီ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဖြစ်လာရန် နီးစပ်နေ

ဘယ်လ်ဂျီယံလူမျိုးနည်းပြ ကွန်ပနီဟာ ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ဖို့ သဘောတူညီမှုရရှိခဲ့တာကြောင့် ဘန်လေအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ပြီး ကိုင်တွယ်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ကွန်ပနီဟာ ဘန်လေအသင်းကို ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းမဆင်းရအောင် ကိုင်တွယ်နိုင်ခြင်းမရှိခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းရဲ့စိတ်ဝင်စားခြင်းကို ခံခဲ့ရတာပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာ...

ပရိသတ်တွေရွေးချယ်တဲ့ PFA အကောင်းဆုံးဆုတွေ ဆွတ်ခူးခဲ့တဲ့ ကိုးလ်ပါမားနဲ့ လော်ရန်ဂျိမ်းစ်

ချယ်လ်ဆီးအသင်းရဲ့တောင်ပံကစားသမား ကိုးလ်ပါမားဟာ ပရိသတ်တွေက မဲပေးရွေးချယ်ပြီး ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့ချုပ်(PFA)က ချီးမြှင့်တဲ့ Premier League fans' player of the year ဆုကို ဆွတ်ခူးခဲ့ပါတယ်။ PFA က fans' player of...

ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးမှာ အတ္တလန်တာအသင်းကို အလွန်ဆို ဂုဏ်ပြုခဲ့ပြီး ထိုက်တန်စွာအနိုင်ရခဲ့ဟု ဆို

မနေ့က အတ္တလန်တာ(၃-ဝ)လေဗာကူဆင် ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးမှာ လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုက အတ္တလန်တာအသင်းကို ချီးကျူးဂုဏ်ပြုခဲ့ပြီး မိမိတို့အသင်းကို ထိုက်ထိုက်တန်တန်အနိုင်ရခဲ့တာလို့ဆိုခဲ့ပါတယ်။ ဘွန်ဒစ်လီဂါချန်ပီယံ လေဗာကူဆင်အသင်းဟာ ဒီရှုံးပွဲကြောင့် ဒီရာသီပြိုင်ပွဲစုံ(၅၁)ပွဲဆက်တိုက် ရှုံးပွဲမရှိသေးတဲ့ စံချိန်မှတ်တမ်းအဆုံးသတ်သွားခဲ့တာပါ။ ဇာဘီအလွန်ဆိုဟာ ပွဲအပြီး အတ္တလန်တာအသင်းနည်းပြ ဂတ်စ်ပါရီနီဆီကို သွားရောက်နှုတ်ဆက်ချိန်မှာ...

ယူရိုပါလိဂ်မှာချန်ပီယံဖြစ်ပြီးနောက် အတ္တလန်တာအသင်းရဲ့ ပထမဆုံးမှတ်တမ်းများ

ယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်ပြီးနောက် အတ္တလန်တာအသင်းအနေနဲ့ ပထမဆုံးမှတ်တမ်းများစွာတင်ရှိနိုင်ခဲ့ပါတယ်။ ဒါကြောင့် အတ္တလန်တာအသင်းတင်ရှိခဲ့တဲ့ ပထမဆုံးမှတ်တမ်းတွေကို စုစည်းဖော်ပြလိုက်ပါတယ်။ ■ ယူရိုပါလိဂ်ခေတ်မှာ ပထမဆုံးချန်ပီယံဖြစ်တဲ့ အီတလီကလပ်အသင်း အရင် UEFA ဖလားပြိုင်ပွဲကို ၂၀၀၉-၁၀ ရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲလို့ အမည်ပြောင်းလဲကျင်းပပြီးနောက်ပိုင်း အီတလီကလပ်အသင်းတစ်သင်းမှ...

လွတ်ခ်မန်းရဲ့ဟက်ထရစ်ကြောင့် လေဗာကူဆင်ရှုံးပွဲကြုံတွေ့ခဲ့ရပြီး အတ္တလန်တာ ဗိုလ်စွဲသွားတဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲ

အတ္တလန်တာ(၃-ဝ)လေဗာကူဆင်(ယူရိုပါလိဂ်ဗိုလ်လုပွဲ) ဒီရာသီပြိုင်ပွဲစုံမှာ (၅၁)ပွဲဆက်တိုက် ရှုံးပွဲမရှိကစားနိုင်ခဲ့တဲ့ လေဗာကူဆင်အသင်းအနေနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာတော့ နိုင်ဂျီးရီးယားတိုက်စစ်မှူးလွတ်မန်းရဲ့ဟက်ထရစ်ကြောင့် အီတလီကလပ် အတ္တလန်တာအသင်းကို (ဝ-၃)ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီး ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ပါတယ်။ ၂၀၂၁-၂၂ ရာသီယူရိုပါလိဂ် Round of 16 တုန်းကလည်း လေဗာကူဆင်အသင်းကို...

ပိုချက်တီနိုလက်ထက်မှာ ချယ်လ်ဆီးအသင်း တင်ခဲ့တဲ့ စံချိန်မှတ်တမ်းဆိုးတစ်ခု

ချယ်လ်ဆီးအသင်းကို ပိုချက်တီနိုက တစ်ရာသီသာ ကိုင်တွယ်ခဲ့ပါတယ်။ ရာသီအစပိုင်းနဲ့ ရာသီအလယ်ပိုင်းမှာ ရလဒ်တွေဆိုးပြီး အဆင့်(၉၊ ၁၀၊ ၁၁)နေရာတွေမှာ တိုင်ပတ်နေခဲ့ရတဲ့ ချယ်လ်ဆီးအသင်းက ရာသီကုန်ချိန်မှာ အဆင့်(၆)ရခဲ့ပါတယ်။ လူရိုသေရှင်ရိုသေ အဆင့်(၆)အတွင်းရပ်တည်နိုင်တဲ့အပြင် ဥရောပဝင်ခွင့်လည်းရခဲ့လို့ ပိုချက်တီနိုကိုင်တွယ်ခဲ့တဲ့တစ်ရာသီက ချယ်လ်ဆီးအသင်းအတွက် အခြေအနေအဆိုးကြီးမဟုတ်ဘူးလို့...

ရှုံးပွဲမရှိသေးတဲ့ လေဗာကူဆင်ကို ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ မိမိတို့ အနိုင်ယူမယ်လို့ ဒီရွန်းဆို

ဒီနေ့ကစားမယ့် အတ္တလန်တာ-လေဗာကူဆင် ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်မတိုင်ခင်မှာ အတ္တလန်တာကွင်းလယ်လူ ဒီရွန်းက သူတို့ဟာ ဒီရာသီမှာရှုံးပွဲလုံးဝမရှိသေးတဲ့ လေဗာကူဆင်အသင်းကို အနိုင်ယူနိုင်တယ်လို့ ဆိုလိုက်ပါတယ်။ လေဗာကူဆင်အသင်းဟာ ဒီရာသီမှာ ပြိုင်ပွဲစုံရှုံးပွဲမရှိတာ (၅၁)ပွဲအထိရှိခဲ့ပြီဖြစ်ပြီး ဘွန်ဒစ်လီဂါဖလားကို သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ရယူနိုင်ခဲ့သလို နောက်ထပ်ဆုဖလား(၂)လုံးရယူနိုင်မယ့် အခွင့်အရေးကိုလည်း ပိုင်ဆိုင်ထားတာပါ။ လေဗာကူဆင်အသင်းကို...

Europa League Final Preview

ယူရိုပါလိဂ်ဗိုလ်လုပွဲ အတ္တလန်တာ - လေဗာကူဆင်(23 May 2024/ 1:30 am) လေဗာကူဆင်က ဒီရာသီမှာ တစ်ရာသီလုံးရှုံးပွဲမရှိကစားထားတာဆိုတော့ ဒီပွဲမှာလည်း လေဗာကူဆင်နိုင်မယ်လို့ ကြိုတင်တွက်ဆကြမယ့် ပရိသတ်က အတော်များလိမ့်မယ်။ ဒီနှစ်သင်း ဥရောပတွေ့ဆုံမှုအဖြစ် ၂၀၂၁-၂၂ ရာသီ...

ကာဂလီယာရီအသင်းကိုရော နည်းပြဘ၀ကိုပါ စွန့်ခွာသွားတော့မယ့် ရာနီရေးရီ

ကာဂလီယာရီအသင်းကို ဒီရာသီ တန်းဆင်းအန္တရာယ်က လွတ်မြောက်အောင် စွမ်းဆောင်ပေးပြီးချိန်မှာ နည်းပြ ရာနီရေးရီက ရာသီကုန်ရင် အသင်းနဲ့လမ်းခွဲတော့မှာ ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့(၃၈)နှစ်ကြာသက်တမ်းရှိနေပြီဖြစ်တဲ့ နည်းပြဘဝကိုလည်း အဆုံးသတ်တော့မှာဖြစ်ကြောင်း ရာနီရေးရီက အသိပေးခဲ့ပါတယ်။ သူ့ရဲ့နည်းပြဘဝမှာ ကာဂလီယာရီအသင်းက နောက်ဆုံးကလပ်အသင်းဖြစ်လာလိမ့်မယ်လို့...