ပရိသတ်တွေရွေးချယ်တဲ့ PFA အကောင်းဆုံးဆုတွေ ဆွတ်ခူးခဲ့တဲ့ ကိုးလ်ပါမားနဲ့ လော်ရန်ဂျိမ်းစ်

0

ချယ်လ်ဆီးအသင်းရဲ့တောင်ပံကစားသမား ကိုးလ်ပါမားဟာ ပရိသတ်တွေက မဲပေးရွေးချယ်ပြီး ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့ချုပ်(PFA)က ချီးမြှင့်တဲ့ Premier League fans’ player of the year ဆုကို ဆွတ်ခူးခဲ့ပါတယ်။

PFA က fans’ player of the year ဆုတွေကို အင်္ဂလန်လိဂ်(၄)ခုလုံးအတွက်ရော၊ အင်္ဂလန်အမျိုးသမီးဘောလုံးလောကအတွက်ပါ ထုတ်ပြန်ကြေညာခဲ့ရာမှာ ချယ်လ်ဆီးအမျိုးသမီးအသင်းရဲ့တိုက်စစ်မှူးလော်ရန်ဂျိမ်းစ်က PFA Women fans’ player of the year ဆုကို ဆွတ်ခူးခဲ့ပါတယ်။

ဒါကြောင့် PFA က ချီးမြှင့်တဲ့ fans’ player of the year ဆုရဲ့အမျိုးသား(Premier League)/အမျိုးသမီးဆုတွေကို ချယ်လ်ဆီးအသင်းက ဆွတ်ခူးရရှိခဲ့တာလည်းဖြစ်ပါတယ်။ အင်္ဂလန်အမျိုးသမီးလက်ရွေးစင်အသင်းအတွက် (၂၄)ပွဲကစားပေးထားတဲ့ လော်ရန်ဂျိမ်းစ်ဟာ ချယ်လ်ဆီးအသင်းခေါင်းဆောင် နောက်ခံလူ ရီးစ်ဂျိမ်းစ်ရဲ့ညီမတော်စပ်သူဖြစ်ပါတယ်။

ကိုးလ်ပါမားဟာ ဒီရာသီချယ်လ်ဆီးအသင်းမှာ ခြေစွမ်းပြခဲ့တာကြောင့် ဒီရာသီပရီးမီးယားလိဂ်အကောင်းဆုံးလူငယ်ကစားသမားဆု(Premier League Young Player of the Season:)၊ ချယ်လ်ဆီးအသင်းရဲ့အကောင်းဆုံးကစားသမားဆု(Chelsea Player of the Season)၊ ချယ်လ်ဆီးအသင်းဖော်တွေရွေးချယ်တဲ့ အကောင်းဆုံးကစားသမားဆု(Chelsea Player’s Player of the Season)တွေ ဆွတ်ခူးခဲ့ပြီး အခု ပရိသတ်တွေရွေးချယ်တဲ့ PFA ရဲ့ Premier League fans’ player of the year ဆုကို ဆွတ်ခူးခဲ့တာပါ။

PFA အနေနဲ့ ဒီရာသီအတွက် PFA Players’ Player of the Year ဆုကို ကြေညာဖို့ကျန်နေသေးပြီး ဒီဆုကိုရော ကိုးလ်ပါမားဆွတ်ခူးနိုင်ဦးမလားဆိုတာ ကြည့်ရမှာပါ။ကိုးလ်ပါမားဟာ ဒီရာသီချယ်လ်ဆီးအသင်းမှာ ပရီးမီးယားလိဂ်ဂိုး (၂၂)ဂိုးသွင်းကာ (၁၁)ဂိုးဖန်တီးခဲ့ပြီး ရာသီကုန်မှာ ချယ်လ်ဆီးအသင်းအဆင့်(၆)နေရာရပ်တည်အောင် အဓိကနေရာက စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *