ယူရိုပါလိဂ်မှာချန်ပီယံဖြစ်ပြီးနောက် အတ္တလန်တာအသင်းရဲ့ ပထမဆုံးမှတ်တမ်းများ

0

ယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်ပြီးနောက် အတ္တလန်တာအသင်းအနေနဲ့ ပထမဆုံးမှတ်တမ်းများစွာတင်ရှိနိုင်ခဲ့ပါတယ်။

ဒါကြောင့် အတ္တလန်တာအသင်းတင်ရှိခဲ့တဲ့ ပထမဆုံးမှတ်တမ်းတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

■ ယူရိုပါလိဂ်ခေတ်မှာ ပထမဆုံးချန်ပီယံဖြစ်တဲ့ အီတလီကလပ်အသင်း

အရင် UEFA ဖလားပြိုင်ပွဲကို ၂၀၀၉-၁၀ ရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲလို့ အမည်ပြောင်းလဲကျင်းပပြီးနောက်ပိုင်း အီတလီကလပ်အသင်းတစ်သင်းမှ ချန်ပီယံမဖြစ်သေးတာကို အတ္တလန်တာအသင်းက (၁၅)နှစ်အကြာမှာအဆုံးသတ်ပေးနိုင်ခဲ့ပါတယ်။

■ ၂၁ ရာစုမှာ ချန်ပီယံဖြစ်တဲ့ ပထမဆုံးအီတလီကလပ်အသင်း

၁၉၉၉ ခုနှစ်မှာ ပါးမားအသင်းက UEFA Cup ချန်ပီယံဖြစ်ပြီးနောက်ပိုင်း ဒီပြိုင်ပွဲမှာ အီတလီအသင်းတစ်သင်းမှ ဗိုလ်စွဲခြင်းမရှိတော့ဘဲ နောင်(၂၅)နှစ်အကြာမှ အတ္တလန်တာအသင်းက ချန်ပီယံဆုရယူခဲ့ပြီး ၂၁ ရာစုမှာ ယူရိုပါလိဂ်(UEFA Cup)ကို ဗိုလ်စွဲတဲ့ ပထမဆုံးအီတလီကလပ်အသင်းအဖြစ် မှတ်တမ်းရေးထိုးခဲ့ပါတယ်။

■ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပထမဆုံးဟက်ထရစ်သွင်းတဲ့ လွတ်ခ်မန်း

အတ္တလန်တာတိုက်စစ်မှူးလွတ်ခ်မန်းဟာ ဒီနှစ်ဗိုလ်လုပွဲမှာ လေဗာကူဆင်အသင်းဘက်ကို ဟက်ထရစ်သွင်းယူခဲ့ပြီးနောက် ဒီပြိုင်ပွဲသမိုင်းမှာ ဗိုလ်လုပွဲဟက်ထရစ်သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

အတ္တလန်တာအသင်းရဲ့ ဟက်ထရစ်ရှင် လွတ်ခ်မန်း

■ ဥရောပဗိုလ်လုပွဲတွေမှာ ဟက်ထရစ်သွင်းတဲ့ ပထမဆုံးအာဖရိကကစားသမားလွတ်ခ်မန်း

ဥရောပပြိုင်ပွဲတွေရဲ့ဗိုလ်လုပွဲတွေမှာ (၂)ဂိုးသွင်းယူနိုင်တဲ့ အာဖရိကကစားသမားတောင်မရှိသေးတာကို လွတ်ခ်မန်းက ဟက်ထရစ်သွင်းယူပြီး မှတ်တမ်းသစ်တစ်ရပ်ရေးထိုးနိုင်ခဲ့ပါတယ်။ ဥရောပပြိုင်ပွဲတွေရဲ့ဗိုလ်လုပွဲတွေထဲမှာ ဟက်ထရစ်သွင်းတဲ့ ပထမဆုံးအာဖရိကကစားသမားအဖြစ် လွတ်ခ်မန်းက မှတ်တမ်းတင်ခဲ့တာပါ။

■ ဒီရာသီမှာ လေဗာကူဆင်ကို အနိုင်ရတဲ့ပထမဆုံးအသင်း

ဒီရာသီပြိုင်ပွဲစုံမှာ ဘယ်အသင်းကိုမှ ရှုံးပွဲမရှိတဲ့ လေဗာကူဆင်အသင်းကို အနိုင်ရတဲ့ ပထမဆုံးအသင်းအဖြစ် အတ္တလန်တာအသင်းက မှတ်တမ်းဝင်ခဲ့ပါတယ်။ အတ္တလန်တာအသင်းအနေနဲ့ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်၊ ရိုးမား၊ ဝက်စ်ဟမ်းအစရှိတဲ့အသင်းတွေတောင် အနိုင်မယူနိုင်ခဲ့တဲ့ လေဗာကူဆင်ကို ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။

■ အသင်းသမိုင်းမှာ ပထမဆုံး ဥရောပချန်ပီယံဆု

သက်တမ်း(၁၁၆)နှစ်ရှိပြီဖြစ်တဲ့ အတ္တလန်တာအသင်းဟာ အီတလီအမှတ်ပေးပြိုင်ပွဲ(စီးရီးအေ)မှာ တစ်ခါမှ ချန်ပီယံမဖြစ်ဖူးသလို ဥရောပမှာလည်း အောင်မြင်မှုဘာမှ မရှိခဲ့ဘဲ အသင်းသမိုင်းမှာပထမဆုံးရရှိတဲ့ ဥရောပအောင်မြင်မှုြုဖစ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *