ပိုချက်တီနိုလက်ထက်မှာ ချယ်လ်ဆီးအသင်း တင်ခဲ့တဲ့ စံချိန်မှတ်တမ်းဆိုးတစ်ခု

0

ချယ်လ်ဆီးအသင်းကို ပိုချက်တီနိုက တစ်ရာသီသာ ကိုင်တွယ်ခဲ့ပါတယ်။

ရာသီအစပိုင်းနဲ့ ရာသီအလယ်ပိုင်းမှာ ရလဒ်တွေဆိုးပြီး အဆင့်(၉၊ ၁၀၊ ၁၁)နေရာတွေမှာ တိုင်ပတ်နေခဲ့ရတဲ့ ချယ်လ်ဆီးအသင်းက ရာသီကုန်ချိန်မှာ အဆင့်(၆)ရခဲ့ပါတယ်။

လူရိုသေရှင်ရိုသေ အဆင့်(၆)အတွင်းရပ်တည်နိုင်တဲ့အပြင် ဥရောပဝင်ခွင့်လည်းရခဲ့လို့ ပိုချက်တီနိုကိုင်တွယ်ခဲ့တဲ့တစ်ရာသီက ချယ်လ်ဆီးအသင်းအတွက် အခြေအနေအဆိုးကြီးမဟုတ်ဘူးလို့ သတ်မှတ်နိုင်ပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ပိုချက်တီနို ကိုင်တွယ်ခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာပရီးမီးယားလိဂ်ရဲ့စံချိန်မှတ်တမ်းဆိုးတစ်ခုကို ရရှိခဲ့ပါတယ်။ အဲဒါကတော့ တစ်ရာသီအတွင်း အဝါကတ်အများဆုံးပြခံရတဲ့အသင်းဆိုတဲ့စံချိန်မှတ်တမ်းပါ။

ချယ်လ်ဆီးအသင်းက ၂၀၂၃-၂၄ ရာသီမှာ အနီကတ်(၄)ကတ်နဲ့ အဝါကတ်(၁၀၅)ကတ် အပြခံခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲသက်တမ်းတစ်လျှောက်မှာ တစ်ရာသီအတွင်း အဝါကတ်အရေအတွက် ဒီလောက်များများပြခံရဖူးတဲ့အသင်းမရှိသေးတာကြောင့် ချယ်လ်ဆီးအသင်းက စံချိန်သစ်တင်ခဲ့တာပါ။

အရင်က ပရီးမီးယားလိဂိမှာ တစ်ရာသီအတွင်း အဝါကတ်အများဆုံးပြခံရတဲ့အသင်းက လိဒ်စ်ယူနိုက်တက်အသင်းဖြစ်ပြီး ၂၀၂၁-၂၂ ရာသီမှာ အဝါကတ် (၁၀၀)ကတ်တိတိပြခံရပြီး စံချိန်တင်ထားတာပါ။

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ အခြားအသင်းတွေမှာလည်း အဝါကတ်ပြခံရမှုများပြားခဲ့ပြီး ချယ်လ်ဆီးအသင်းနောက် ဒုတိယနေရာမှာ ရပ်တည်ခဲ့တဲ့ ဝုလ်ဗ်စ်အသင်းရဲ့အဝါကတ်ပြခံရမှုကလည်း (၁၀၀)ကတ်အထိ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ အဝါကတ်အများဆုံးအသင်းတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

  1. Chelsea 105
  2. Wolves 100
  3. Sheffield Utd 95
  4. Aston Villa 94
  5. Brighton 91
  6. Brentford 89
  7. Tottenham 89
  8. Man Utd 81
  9. Everton 80
    10.Bournemouth 79

Leave a Reply

Your email address will not be published. Required fields are marked *