ဒီတစ်ပတ်ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘဲဥမကွဲခဲ့တဲ့ တစ်သင်းတည်းသောအသင်း

0

ဒီတစ်ပတ်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃)မှာ ပြိုင်ပွဲဝင် ပရီးမီးယားလိဂ်အသင်း(၂၀)သင်းအနက် (၁၉)သင်းက ဂိုးသွင်းနိုင်ခဲ့ပါတယ်။

အသင်းအားလုံးနီးပါးဂိုးသွင်းနိုင်ချိန်မှာ ဂိုးပေါက်ပျောက်ပြီး ဘဲဥမကွဲခဲ့တဲ့ တစ်သင်းတည်းသောအသင်းက မန်ယူနိုက်တက်အသင်းဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းအနေနဲ့ အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ကစားရပေမယ့် ပြိုင်ဘက်လီဗာပူးလ်ကို တစ်ဂိုးမှ မသွင်းနိုင်ဘဲ (၃)ဂိုးပြတ်အရေးနိမ့်ခဲ့ရတာပါ။

ဒီတစ်ပတ်မှာ တန်းတက်အသင်း(၃)သင်းဖြစ်တဲ့ လက်စတာ၊ အစ်ဝစ်ချ်၊ ဆောက်သမ်တန်အသင်းတို့တောင် နိုင်ပွဲမရပေမယ့် ပြိုင်ဘက်အသင်းတွေကို ဂိုးသွင်းနိုင်ချိန်မှာ မန်ယူနိုက်တက်ကတော့ ထူးထူးခြားခြားအိမ်ကွင်းမှာ ဂိုးဘဲဥမကွဲ ဖြစ်ခဲ့ရတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *