ဇွန်လ ၁၄ ရက်နေ့ သတင်းအတိုအထွာ စုစည်းမှုများ

0

■ အေစီမီလန်အသင်းဟာ လိုင်လီအသင်းနည်းပြဟောင်း ဖွန်ဆီကာအိုကို နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်းကြေညာခဲ့ပါတယ်။ အေစီမီလန်အသင်းနဲ့ ဖွန်ဆီကာအိုတို့ဟာ ၂၀၂၇ အထိ(၃)နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

■ ဖျားနာနေတာကနေ ပြန်လည်သက်သာလာခဲ့တဲ့ မန်စီးတီးအသင်းနောက်ခံလူ ဂျွန်စတုန်းစ်ဟာ အင်္ဂလန်အသင်းနဲ့ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ဂျွန်စတုန်းစ်ဟာ ဆားဘီးယားအသင်းနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် ပါဝင်နိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

■ မန်ယူနိုက်တက်အသင်းကွင်းလယ်လူဟောင်း အန်ဒါဟာရဲရားဟာ ဘီလ်ဘာအိုအသင်းနဲ့ ၂၀၂၅ ဇွန်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။ အန်ဒါဟာရဲရားဟာ အသင်းဟောင်း ဘီလ်ဘာအိုအသင်းထံ ၂၀၂၂ နွေရာသီအပြောင်းအရွှေ့ကာလက PSG အသင်းကနေ ပြန်လည်ရောက်ရှိလာခဲ့ပြီး မနှစ်ကရာသီက ကလပ်အသင်းနဲ့အတူ စပိန်ဘုရင့်ဖလားချန်ပီယံဆုရယူနိုင်ခဲ့တာဖြစ်ပါတယ်။

■ နယူးကာဆယ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလ ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ဘုန်းမောက်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာလာတဲ့ နောက်ခံလူ ကယ်လီကို ခေါ်ယူကြောင်း ကြေညာခဲ့ပါတယ်။ နယူးကာဆယ်အသင်းဟာ ကယ်လီကို ၂၀၂၉ ဇွန်အထိစာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်ပါဝင်တာဖြစ်ပါတယ်။

■ ဘိုင်ယန်မြူးနစ်အသင်းဟာ လီဗာပူးလ်အသင်းနောက်ခံလူ ဂျိုဂိုးမက်ဇ်ကို နွေရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းနည်းပြသစ် ကွန်ပနီဟာ ပြီးခဲ့တဲ့ရာသီက အောင်မြင်မှုမရှိခဲ့တဲ့ ကလပ်အသင်းကို ရာသီသစ်မှာအောင်မြင်မှုတွေရယူနိုင်ဖို့အတွက် လူစာရင်းအင်အားဖြည့်တင်းဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *