ယူရို-၂၀၂၄ ပြိုင််ပွဲမှာ အင်္ဂလန်အသင်းချန်ပီယံဖြစ်ရင် ဆုဖလားကို တက်တူးထိုးမယ်လို့ အိုင်ဗန်တိုနေးဆို

0

ဘရန်ဖိုဒ့်အသင်းတိုက်စစ်မှူး အိုင်ဗန်တိုနေးက ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းချန်ပီယံဖြစ်ရင် ဆုဖလားကို နဖူးမှာတက်တူးထိုးမယ်လို့ ဆိုခဲ့ပါတယ်။ အိုင်ဗန်တိုနေးပါဝင်တဲ့ အင်္ဂလန်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဆားဘီးယားအသင်းနဲ့ ယှဉ်ပြိုင်ဖို့ လေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်နေတာပါ။

အိုင်ဗန်တိုနေးဟာ သူ့ရဲ့တစ်ကိုယ်လုံးကို တက်တူးထိုးထားတာဖြစ်ပြီး ဇူလိုင်(၁၄)ရက် ဘာလင်မှာကစားမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းအနိုင်ရရင် နောက်ထပ်တက်တူးတစ်ခုကို ထိုးသွားဦးမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ အိုင်ဗန်တိုနေးက “ကျွန်တော်တို့သာ အနိုင်ရခဲ့ရင် တက်တူးထိုးသွားမှာပါ။ ကျွန်တော်တို့ရရှိတဲ့ ဆုဖလားကို နဖူးပေါ် ဒါမှမဟုတ် တစ်နေရာရာမှာ ထိုးဖြစ်မယ်လို့ထင်ကြောင်း”BBC Radio 5 Live ကိုပြောခဲ့တာပါ။

အိုင်ဗန်တိုနေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကမှ လောင်းကစားကြောင့်(၈)လကြာပိတ်ပင်ခံထားရတာကနေ ပြန်လာနိုင်ခဲ့တာဖြစ်ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းချန်ပီယံဆုရယူနိုင်မယ်လို့ ယုံကြည်မှုရှိနေတာဖြစ်ပါတယ်။ အိုင်ဗန်တိုနေးဟာ ပြီးခဲ့တဲ့ရာသီက ဘရန်ဖိုဒ့်အသင်းအတွက်(၁၇)ပွဲပါဝင်ကစားခဲ့ပြီး (၄)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်နိုင်ခဲ့တာပါ။ နွေရာသီအပြောင်းအရွှေ့ကာလမှာ အိုင်ဗန်တိုနေးဟာ အသင်းကြီးတွေရဲ့ပစ်မှတ်အဖြစ်ရှိနေပြီး သူကလည်း အသင်းကြီးတွေထံ ပြောင်းရွှေ့ဖို့ မျှော်လင့်နေပါတယ်။

၂၀၂၅ ဇွန်(၃၀)ရက်အထိ ဘရန်ဖိုဒ့်အသင်းနဲ့ စာချုပ်ရှိနေတဲ့ အိုင်ဗန်တိုနေးကို ခေါ်ယူဖို့ မန်ယူနိုက်တက်၊အာဆင်နယ်၊ချယ်လ်ဆီးနဲ့ စပါးအသင်းတို့က စိတ်ဝင်စားနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *