ဂျာမနီ-စကော့တလန် ယူရို-၂၀၂၄ အဖွင့်ပွဲစဉ်မှာ ဂျာမနီနိုင်မယ်လို့ ဒေါ့မွန်တိရစ္ဆာန်ရုံက လူဝံခန့်မှန်း

0

ဒီနေ့ကစားမယ့် ဂျာမနီ-စကော့တလန် ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်မှာ အိမ်ရှင်ဂျာမနီအသင်းအနိုင်ရမယ်လို့ အသက်(၃၅)နှစ်အရွယ်ရှိ လူဝံကြီး ဝေါ်လ်တာက ခန့်မှန်းခဲ့ပါတယ်။

ဒီပွဲစဉ်အတွက် ဘောလုံးပွဲဝေဖန်သုံးသပ်သူတွေ၊ ဂန္ထဝင်ကစားသမားတွေက ခန့်မှန်းနေကြသလို ဒေါ့မွန်တိရစ္ဆာန်ရုံမှာရှိတဲ့ လူဝံကြီးကပါ ခန့်မှန်းမှုပြုလုပ်လာခဲ့တာပါ။

ဝေါ်လ်တာဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ခန့်မှန်းမှုတွေပြုလုပ်ခဲ့တဲ့အတွက် သူဟာ ဘောလုံးနဲ့ စိမ်းတဲ့သူမဟုတ်ပါဘူး။ ဂျာမနီအသင်း တံဆိပ်ပါဝင်တဲ့ ပဝါနဲ့ စကော့တလန်အသင်းတံဆိပ်ပါဝင်တဲ့ပဝါတို့ကို ပုံးတစ်ခုစီမှာ ပတ်ထားပြီး လူဝံကြီး ဝေါ်လာတာကို ခန့်မှန်းခိုင်းခဲ့တာဖြစ်ပါတယ်။ ဝေါ်လ်တာဟာ ဂျာမနီအသင်းပုံးဆီရော စကော့တလန်ပုံးဆီပါ သွားခဲ့ပေမယ့် နောက်ဆုံးမှာ ဂျာမနီပုံးကို ရွေးချယ်ခဲ့တာပါ။

နိုင်ငံတကာပြိုင်ပွဲတွေယှဉ်ပြိုင်ဖို့ ရောက်ရှိလာတိုင်း တိရစ္ဆာန်တွေကို ခန့်မှန်းခိုင်းတာက ဒီနောက်ပိုင်းမှာ ထင်ရှားလာပါတယ်။ ရေဘဝဲပေါလ်ကတော့ ဘောလုံးပွဲခန့်မှန်းတဲ့ တိရစ္ဆာန်တွေထဲမှာ လူသိများထင်ရှားပြီး သူဟာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီရဲ့ပွဲရလဒ်တွေကို (၇)ပွဲအထိ မှန်အောင်ကြိုတင်ခန့်မှန်းနိုင်ခဲ့တာပါ။ အခုအချိန်မှာ လူဝံကြီး ဝေါလ်တာရဲ့ခန့်မှန်းမှုကရော မှန်ကန်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဂျာမနီအသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းစာရင်းမှာ အင်္ဂလန်၊ ပြင်သစ်အသင်းတို့ရဲ့နောက်တတိယနေရာမှာ ရပ်တည်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *