နယူးကာဆယ်ကိုပြောင်းရွှေ့ဖို့နီးစပ်နေတဲ့ ဂူဟီကြောင့် ချယ်လ်ဆီး ပေါင်(၁၂)သန်း ရဖို့ ရှိ

0

အင်္ဂလန်နောက်ခံလူ ဂူဟီဟာ နယူးကာဆယ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေတာကြောင့် အပြောင်းအရွှေ့သာအပြီးသတ်နိုင်ခဲ့ရင် ချယ်လ်ဆီးအသင်းဟာ ပေါင်(၁၂)သန်းရဖို့ ရှိနေပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဂူဟီအတွက် အနည်းဆုံးပေါင်(၆၅)သန်းကနေ ပေါင်သန်း(၇၀)အထိ ပြောင်းရွှေ့ကြေးသတ်မှတ်ထားပြီး အပြောင်းအရွှေ့ဖြစ်ဖို့နီးစပ်နေပြီလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားတာပါ။

ချယ်လ်ဆီးအသင်းဟာ ဂူဟီကို ခရစ္စတယ်ပဲလေ့စ်အသင်းထံ ရောင်းချခဲ့ရာမှာ ချုပ်ဆိုထားတဲ့ (Sell-on Clause)ကြောင့် ဒီအပြောင်းအရွှေ့ကနေ အကျိုးအမြတ်တွေရဖို့ရှိနေတာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ အကယ်ဒမီထွက် ဂူဟီကို ၂၀၂၁ နွေရာသီက ပေါင်(၁၈)သန်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းထံ ရောင်းချခဲ့တာပါ။ ဒီလိုရောင်းချရာမှာ ချယ်လ်ဆီးအသင်းဟာ စာချုပ်ထဲမှာ (Sell-on Clause)ဆိုတဲ့ အချက်ကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ ဂူဟီကို ခရစ္စတယ်ပဲလေ့စ်အသင်းက ရောင်းချမယ့် ပြောင်းရွှေ့ကြေးထဲက အမြတ်ငွေ(၂၀)%ကို ရရှိမှာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဂူဟီကို နယူးကာဆယ်အသင်းထံ ခရစ္စတယ်ပဲလေ့စ်အသင်းရောင်းချခဲ့မယ်ဆိုရင် ပေါင်(၁၂)သန်းအထိ ရရှိမယ်လို့ The Times ကဖော်ပြထားပါတယ်။ ဂူဟီဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းကြီးအချို့ရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့တာပါ။

အသက်(၂၄)နှစ်အရွယ်ရှိ ဂူဟီဟာ ခရစ္စတယ်ပဲလေ့စ်အသင်းမှာ ကစားခဲ့တဲ့ (၃)ရာသီအတွင်း ပွဲပေါင်း(၁၁၁)ပါဝင်ကစားခဲ့ပြီး (၅)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *