အပြောင်းအရွှေ့ပျက်ပြယ်နိုင်တာကြောင့် ဂယ်လက်ဂါကို အင်္ဂလန်ပြန်လာဖို့ ချယ်လ်ဆီး တိုက်တွန်း

0

အင်္ဂလန်ကွင်းလယ်လူ ဂယ်လက်ဂါနဲ့ အက်သလက်တီကိုအသင်းတို့ရဲ့အပြောင်းအရွှေ့ဟာ ပျက်ပြယ်သွားနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် ချယ်လ်ဆီးအသင်းဟာ ဂယ်လက်ဂါကို အင်္ဂလန်ပြန်လာဖို့ တိုက်တွန်းခဲ့ပါတယ်။

ဂယ်လက်ဂါဟာ အက်သလက်တီကိုအသင်းနဲ့ ဆေးစစ်မှုခံယူပြီးဖြစ်သလို မက်ဒရစ်မှာ(၅)ရက်ကြာရှိခဲ့ပေမယ့် အခုအချိန်အထိ အပြောင်းအရွှေ့မဖြစ်သေးတာပါ။

ချယ်လ်ဆီးနဲ့ အက်သလက်တီကိုအသင်းတို့ဟာ ဂယ်လက်ဂါအတွက် ပြောင်းရွှေ့ကြေး ပေါင်(၃၃.၇)သန်းနဲ့ သဘောတူညီမှုရရှိထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဂယ်လက်ဂါဟာ ချယ်လ်ဆီးအသင်းရဲ့ခွင့်ပြုချက်နဲ့ အပြောင်းအရွှေ့အပြီးသတ်ဖို့ မက်ဒရစ်ကို သွားရောက်ခဲ့တာပါ။ အက်သလက်တီကိုအသင်းဟာ ဂယ်လက်ဂါကို ကစားသမားသစ်အဖြစ် အပြီးသတ်နိုင်ဖို့ဆိုရင် သူတို့မှာရှိတဲ့ ကစားသမားတစ်ဦးကို ရောင်းချဖို့ လိုအပ်နေတာဖြစ်ပါတယ်။

အစောပိုင်းက အက်သလက်တီကိုအသင်းဟာ တိုက်စစ်မှူး အိုမိုရိုဒီယန်ကို ချယ်လ်ဆီးအသင်းထံ ရောင်းချဖို့ သဘောတူညီထားပြီး အပြောင်းအရွှေ့ဖြစ်ဖို့လည်း နီးစပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ချယ်လ်ဆီးအသင်းဟာ တိုက်စစ်မှူးဟောင်း ဂျော်အိုဖီးလစ်ကို ခေါ်ယူဖို့ အက်သလက်တီကိုအသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာပါ။

ဖာဘရီဇီယိုရိုမန်နိုက ဂယ်လက်ဂါရဲ့အက်သလက်တီကို အပြောင်းအရွှေ့ဟာ ဖြစ်နိုင်သေးပြီး ချယ်လ်ဆီးအသင်းဟာ ဂျော်အိုဖီးလစ်ရဲ့အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေဆက်ပြုလုပ်နေပေမယ့် ဒီအပြောင်းအရွှေ့တွေဟာ သီးခြားစီဖြစ်တယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *