ဒီလစ်နဲ့ မက်ဇ်ရာအူရီတို့ကို ခေါ်ယူခဲ့တဲ့ မန်ယူနိုက်တက်ကို အိုင်းယက်စ် လှောင်ပြောင်

0

မန်ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနောက်ခံလူတွေဖြစ်တဲ့ ဒီလစ်နဲ့ မက်ဇ်ရာအူရီတို့ကို ခေါ်ယူကြောင်း အတည်ပြုပြီးနောက်မှာ သူတို့ရဲ့အသင်းဟောင်းဖြစ်တဲ့ အိုင်းယက်စ်အသင်းက ဆိုရှယ်မီဒီယာပေါ်မှာ မန်ယူနိုက်တက်အသင်းကို လှောင်ပြောင်သွားခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ဒီလစ်နဲ့ မက်ဇ်ရာအူရီတို့(၂)ဦးကို ပေါင်သန်း(၆၀)နီးပါးနဲ့ ခေါ်ယူနိုင်ခဲ့တာပါ။

ဒတ်ခ်ျလူမျိုးနည်းပြ အဲရစ်တန်ဟတ်ဟာ သူနဲ့အတူ အိုင်းယက်စ်မှာ နှစ်တွေအကြာကြီးအတူလက်တွဲခဲ့ဖူးတဲ့ ဒီလစ်နဲ့ မက်ဇ်ရာအူရီတို့ကို မန်ယူနိုက်တက်အသင်းမှာ ပြန်ပြီးလက်တွဲအလုပ်လုပ်ရတော့မှာ ဖြစ်ပါတယ်။ အဲရစ်တန်ဟတ်ဟာ မန်ယူနိုက်တက်အသင်းကို ကိုင်တွယ်ပြီးကတည်းက သူနဲ့အတူ အိုင်းယက်စ်အသင်းမှာ အတူလက်တွဲခဲ့ဖူးတဲ့ ကစားသမားတွေကို တစ်ဦးပြီး ‌တစ်ဦးခေါ်ယူနေတာပါ။

အဲရစ်တန်ဟတ်ဟာ အိုင်းယက်စ်အသင်းကစားသမားဟောင်းတွေဖြစ်တဲ့ လီဆန်ဒရိုမာတီနက်ဇ်၊အန်တိုနီ၊အိုနာနာနဲ့ အခု ဒီလစ်၊မက်ဇ်ရာအူရီတို့ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အိုင်းယက်စ်နဲ့ မန်ယူနိုက်တက်အသင်းတို့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို ပိုင်ဆိုင်ထားတာပါ။ ဒါပေမယ့် မန်ယူနိုက်တက်အသင်းက ဒီလစ်နဲ့ မက်ဇ်ရာအူရီတို့ကို ခေါ်ယူအပြီးမှာ အိုင်းယက်စ်အသင်းက သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ “Manchester is red 😉”ဆိုပြီး ရေးသားလှောင်ပြောင်ခဲ့ပါတယ်။

အဲရစ်တန်ဟတ်ဟာ သူယုံကြည်ရတဲ့ ကစားသမားတွေ၊နည်းပြအဖွဲ့ဝင်တွေနဲ့ မန်ယူနိုက်တက်အသင်းမှာ အတူလက်‌တွဲဖို့ ဒီနွေရာသီမှာ အပြောင်းအလဲတွေ အများကြီးပြုလုပ်နေတာပါ။ မကြာသေးခင်က သတင်းတွေမှာ မန်ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ကာလရှည်ပစ်မှတ်ဖြစ်တဲ့ အိုင်းယက်စ်ကစားသမားဟောင်း ဖရန်ကီဒီယွန်းကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *