ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ထွက်ခွာဖို့ အန်ဆုဖာတီကို ဘာစီလိုနာ အသိပေး

0

ဘာစီလိုနာအသင်းဟာ အကယ်ဒမီထွက် တိုက်စစ်ကစားသမား အန်ဆုဖာတီကို ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ကလပ်ကနေ ထွက်ခွာဖို့ ပြောဆိုခဲ့ပါတယ်။ အန်ဆုဖာတီဟာ ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ရဲ့အနာဂတ်စီမံကိန်းမှာ မပါဝင်တာကြောင့် ဘာစီလိုနာအသင်းက သူ့ကိုအသင်းသစ်ရှာဖွေဖို့ ပြောထားခဲ့တာပါ။

ဘာစီလိုနာအသင်းမှာ လုပ်ခလစာအများအပြားရရှိတဲ့ သူတွေထဲကတစ်ဦးဖြစ်တဲ့ အန်ဆုဖာတီဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီက အန်ဆုဖာတီကို ဘရိုက်တန်အသင်းထံ အငှားချခဲ့ပြီး အခုအချိန်မှာ သူဟာ ကလပ်အသင်းထံ ပြန်လည်ရောက်ရှိနေခဲ့တာပါ။ ဘာစီလိုနာအသင်းဟာ အန်ဆုဖာတီကို အများကြီးမျှော်လင့်ခဲ့ပြီး ဂန္ထဝင်ကစားသမား မက်ဆီထွက်ခွာချိန်မှာ သူ့ကို ကျောနံပတ်(၁၀)ဝတ်ဆင်စေခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ လိုက်ပ်ဇစ်အသင်းကနေ အော်လ်မိုကို ခေါ်ယူထားပြီး ဘီလ်ဘာအိုကြယ်ပွင့် နီကိုဝီလီယံစ်ကိုလည်း ပစ်မှတ်ထားနေတာကြောင့် အန်ဆုဖာတီအတွက် ကလပ်မှာ နေရာမရှိတော့တာပါ။ အန်ဆုဖာတီဟာ ဘာစီလိုနာအသင်းကြီးအတွက် ၂၀၁၉ မှာ စတင်ပွဲထွက်ခွင့်ရခဲ့ပြီး (၁၁၂)ပွဲပါဝင်ကစားထားကာ ၂၀၂၇ ဇွန်မှာ စာချုပ်ကုန်ဆုံးမှာ ဖြစ်ပါတယ်။

အသက်(၂၁)နှစ်အရွယ်သာ ရှိသေးတဲ့ အန်ဆုဖာတီဟာ စပိန်အသင်းအတွက်(၁၀)ပွဲပါဝင်ကစားခွင့် ရရှိထားပြီး(၂)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *