ဩဂုတ်လ ၁၈ ရက်နေ့ရဲ့အကြိုက်ဆုံးပွဲများကြိုတင်ရင်ခုန်သံ

0

ပရီးမီးယားလိဂ်

ဘရန့်ဖို့ဒ် – ခရစ္စတယ်ပဲလေ့စ်
(18 August 2024/ 7:30 pm)

ချယ်လ်ဆီး – မန်စီးတီး
(18 August 2024/ 10:00 pm)

ဘရန့်ဖို့ဒ် – ခရစ္စတယ်ပဲလေ့စ်

(ပရီးမီးယားလိဂ်)

ဘရန့်ဖို့ဒ်က ဒီနွေရာသီမှာ ကစားသမားအဝင်က (၄)ယောက်လောက်ပဲရှိပြီး အတော်များများကို ရောင်းထုတ်/ထွက်ခွင့်ပေးခဲ့တယ်။ အိုင်ဗန်တိုနေး၊ အမ်ဘူမို၊ ဝစ်ဆာတို့လို အသင်းကြီးတွေ ပစ်မှတ်ထားနေတဲ့ကစားသမားတွေကိုတော့ ထိန်းထားနိုင်ခဲ့တယ်။

ကလပ်စံချိန်တင်ကြေးနဲ့ခေါ်ထားတဲ့ ဘရာဇီးလ်တိုက်စစ်မှူးအိုင်ဂေါ်သီယာဂို ဒဏ်ရာရနေတာက အိုင်ဗန်တိုနေးကို ထုတ်ရောင်းဖို့ ခက်ခဲသွားစေခဲ့တယ်။ ပြီးခဲ့တဲ့ရာသီက တိုနေး ပွဲပယ်ခံရတာ၊ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရပြီး ရာသီကုန်မှာ အဆင့်(၁၆)ပဲရခဲ့တယ်။ ဒီရာသီမှာတော့ ဒီထက်ပိုကောင်းတဲ့အနေအထားတစ်ခုရောက်မယ်လို့ မျှော်လင့်ရတယ်။

ခရစ္စတယ်ပဲလေ့စ်က ဒီနောက်ပိုင်း ကစားသမားကောင်းတွေအများကြီးထွက်တဲ့အသင်းဖြစ်လာတယ်။ အိုလီဆေကို ဘိုင်ယန်မြူးနစ်အသင်းဆီရောင်းထုတ်ခဲ့ရပေမယ့် ဒီအသင်းမှာ ကစားသမားကောင်းတွေအများကြီး ရှိနေတယ်။

ယူရိုပြိုင်ပွဲဝင်ခဲ့တဲ့ အင်္ဂလန်အသင်းက အီဇီ၊ ဝါတန်၊ ဂူဟီ၊ ဒင်းဟန်ဒါဆန်၊ အိုလံပစ်ပြိုင်ပွဲဝင်ခဲ့တဲ့ ပြင်သစ်အသင်းက မာတီတာတို့လို ကစားသမားတွေက ပိုမိုတိုးတက်လာမယ့် ခြေစွမ်းတွေနဲ့အတူ ဒီအသင်းကို နောက်တစ်ဆင့်မြှင့်ပေးနိုင်မယ်လို့ ယူဆရတယ်။ ရာသီကြိုကာလမှာလည်း ခရစ္စတယ်ပဲလေ့စ်က ရလဒ်ကောင်းတွေရခဲ့တယ်။ ဝုလ်ဗ်စ်၊ ဝက်စ်ဟမ်းလိုအသင်းမျိုးတွေကို ဂိုးပြတ်အနိုင်ရခဲ့တယ်။

ဘရန့်ဖို့ဒ်အနေနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းကို နောက်ဆုံးတွေ့တဲ့ (၆)ပွဲမှာ တစ်ပွဲမှ မနိုင်ခဲ့တာလည်းတွေ့ရတယ်။ လန်ဒန်နှစ်သင်းရဲ့ကစားသမားစုဖွဲ့မှု၊ လက်ရှိခြေစွမ်း၊ ထိပ်တိုက်တွေ့ဆုံမှုတွေ နှိုင်းယှဉ်ရင် အိမ်ရှင်အသင်းထက် ခရစ္စတယ်ပဲလေ့စ်က ပိုသာနေတာ အမှန်ပဲ။ ဒါကြောင့် ဒီပွဲ ခရစ္စတယ်ပဲလေ့စ်ပဲ ရွေးချင်တယ်။ အဝေးကွင်းပေမယ့် မရှုံးနိုင်ဘဲ အနိမ့်ဆုံးသရေရလဒ်ရမယ်။

ချယ်လ်ဆီး – မန်စီးတီး

(ပရီးမီးယားလိဂ်)

ဒီပွဲက ချယ်လ်ဆီးနည်းပြမာရက်စ်ကာအတွက် သူ့ကို ဘောလုံးပညာတွေ ဝေမျှပေးခဲ့တဲ့ မန်စီးတီးနည်းပြဂွါဒီယိုလာနဲ့ ပြန်တွေ့မှာဆိုတော့ စိတ်ဝင်စားစရာကောင်းတယ်။ မန်စီးတီးလူငယ်အသင်းကို ပရီးမီးယားလိဂ်-၂ မှာ၊ လက်စတာကို ချန်ပီယံရှစ်မှာ ချန်ပီယံဖြစ်အောင် လမ်းညွှန်ပေးနိုင်ခဲ့တဲ့ မာရက်စ်ကာအနေနဲ့ ချယ်လ်ဆီးကို ဘယ်လောက်အထိ ဆွဲတင်နိုင်မလဲ ကြည့်ရမယ်။

ဒီနွေရာသီမှာ ဇီယက်ချ်၊ သီယာဂိုဆေးလ်ဗား၊ မာလန်ဆား၊ မတ်ဆန်တို့အပါအဝင် ကစားသမား(၈)ယောက် အသင်းက ထွက်သွားခဲ့ပြီး နာမည်သိပ်မကြီးတဲ့ ကစားသမား(၉)ယောက်ကို ပြန်ခေါ်ထားတယ်။

ပထမအသင်းမှာ ကစားသမားတွေဖောင်းပွနေတယ်ဆိုပေမယ့် ချယ်လ်ဆီးနည်းပြမာရက်စ်ကာအနေနဲ့ ပုံမှန်ကစားနေကျ ကစားသမားတွေကိုပဲ Line up ထုတ်မှာပါ။ တိုက်စစ်မှာ အန်ကွန်ကူနဲ့ ဘယ်ညာမှာ ်မူဒရစ်၊ ကိုးလ်ပါမားတို့ကိုတွေ့ရနိုင်တယ်။ အလယ်မှာ အန်ဇိုဖာနန်ဒက်ဇ်၊ ကိုင်စီဒိုနဲ့ လာဗီးယားအတွဲကို တွေ့ရဖို့များတယ်။ နောက်တန်းမှာတော့ ဂတ်စတို၊ ဒီဆာဆီ၊ ကိုလ်ဝဲလ်၊ ကူကူရယ်လာတို့ ကစားဖို့ များပါတယ်။

မန်စီးတီးက ကစားသမား(၁၀)ယောက်ကို အသင်းက ထွက်ခွင့်ပေးလိုက်တယ်ဆိုပေမယ့် အယ်လ်ဗာရက်ဇ်တစ်ယောက်လောက်ပဲ အဓိက ကစားသမားထဲမှာ ပါတာပါ။ ဆယ်လ်ဗင်ဟို၊ မူဘာမာတို့ကို ပြန်ခေါ်ထားပေမယ့် နှစ်ဦးလုံး အသင်းမှာ ချက်ချင်းနေရာရနိုင်မှာ မဟုတ်ပါဘူး။

ဒီပွဲမှာ ရိုဒရီကို အနားပေးထားလို့ ပါမှာ မဟုတ်ဘဲ ဂရီးလစ်ရှ်ကလည်း ဒဏ်ရာရနေတယ်။ ဒါပေမယ့် ကျန်ကစားသမားတွေ လူစုံတက်စုံရှိပါတယ်။ တိုက်စစ်အထောင်ကတော့ ဟာလန်းပဲ ဖြစ်လိမ့်မယ်။ ဟာလန်းနောက် (၃)ယောက်တန်းမှာ ဖိုဒန်၊ ဒီဘရိုင်းနား၊ ဒိုကူတို့ ကစားရနိုင်ပြီး ကိုဗာချစ်နဲ့ ဘာနာဒိုကို Double Pivot နေရာမှာ တွဲပေးနိုင်တယ်။ နောက်မှာတော့ ဂျွန်စတုန်းကို ပေးနားထားပြီး ဝေါ်လ်ကာ၊ အကန်ဂျီ၊ အကီ၊ ဗာဒီယိုလ်တို့ ကစားရဖို့များတယ်။

ဒီနှစ်သင်း ကစားသမားစုဖွဲ့မှုမှာ မန်စီးတီးက အများကြီးသာသလို လောလောလတ်လတ် အမေရိကန်မှာ ရာသီကြိုခြေစမ်းခဲ့တော့လည်း မန်စီးတီးအသင်းက ချယ်လ်ဆီးကို (၄-၂)ဂိုးနဲ့ နိုင်ခဲ့တယ်။ ချယ်လ်ဆီးထက်စာရင် မန်စီးတီးအသင်းက ပိုအထိုင်ကျပြီးဖြစ်သလို၊ နောက်ဆုံးပြိုင်ပွဲစုံတွေ့ဆုံမှု(၁၀)ကြိမ်မှာလည်း ချယ်လ်ဆီးတစ်ပွဲမှာ မနိုင်ဘဲ မန်စီးတီးက (၈)ကြိမ်အထိ အနိုင်ရခဲ့တယ်။

ဒါကြောင့် ဒီပွဲလည်း အိမ်ရှင်အသင်းဘက်က အခွင့်အရေးနည်းပြီး မန်စီးတီးဘက်ကသာ နေသင့်တယ်လို့ ထင်တယ်။ မန်စီးတီး(၂-၁)(၃-၁)လို ရလဒ်တွေနဲ့ အနိုင်ရမယ်လို့ မျှော်လင့်မိတယ်။

Leave a Reply

Your email address will not be published. Required fields are marked *