ဂျာမနီလက်ရွေးစင်အသင်းက အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့တဲ့ ဝါရင့်ဂိုးသမား နော်ယာ

0

၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတကာဘောလုံးလောကက အနားယူသွားတဲ့ကစားသမားတွေ များပြားနေစဉ်မှာပဲ နောက်ထပ်နာမည်ကျော်ဂိုးသမားတစ်ဦးကလည်း လက်ရွေးစင်ကစားသမားဘဝကို စွန့်လွှတ်ကြောင်း ကြေညာလိုက်ပါတယ်။

သူကတော့ အသက်(၃၈)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဝါရင့်ဂိုးသမားနော်ယာဖြစ်ပြီး သြဂုတ်(၂၁)ရက်နေ့မှာ သူ့ဆုံးဖြတ်ချက်ကို ကြေညာလိုက်တာပါ။

နော်ယာက “ဒီနေ့ဟာ ကျွန်တော့်ရဲ့လက်ရွေးစင်ကစားသမားဘဝအဆုံးသတ်တဲ့နေပါ”လို့ သူ့ရဲ့Instagram မှာ ရေးသားပြီး ပရိသတ်တွေကို အသိပေးခဲ့တာပါ။

နော်ယာဟာ ဂျာမနီလက်ရွေးစင်အသင်းအတွက် ၂၀၀၉ ခုနှစ်က စတင်ကစားခဲ့ပြီး (၁၅)နှစ်အတွင်း နိုင်ငံတကာပွဲပေါင်း (၁၂၄)ပွဲ ကစားပေးခဲ့ပါတယ်။

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီအသင်းဗိုလ်စွဲခဲ့စဉ်က နော်ယာအနေနဲ့ အကောင်းဆုံးလက်စွမ်းပြကစားခဲ့ပြီး ပြိုင်ပွဲရဲ့အကောင်းဆုံးဂိုးသမားဆုကိုလည်း ဆွတ်ခူးခဲ့ပါတယ်။

နော်ယာရဲ့အနားယူမှုဟာ ဂျာမနီလက်ရွေးစင်အသင်းမှာ ကွင်းလယ်လူဂွန်ဒိုဂန်အပြီး နောက်(၂)ရက်အကြာမှာဖြစ်ပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲအပြီး ဂျာမနီလက်ရွေးစင်အသင်းက အနားယူတာ ကစားသမား(၄)ဦးအထိရှိလာပြီး တိုနီကရူးစ်၊ မူလာ၊ ဂွန်ဒိုဂန်၊ နော်ယာတို့ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *