Subscriber တွေ တဟုန်ထိုးတိုးနေတဲ့ စီရော်နယ်ဒိုရဲ့ UR.Cristiano YouTube Channel

0

ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်ဒိုအနေနဲ့ YouTube မှာ Channel အသစ် စတင်ချင်းမှာပဲ စံချိန်တင်ကိန်းဂဏန်းတွေကို ရောက်ရှိခဲ့ပါတယ်။

Channel စတင်ပြီး မိနစ်(၉၀)အကြာမှာ Subscribers (၁)သန်းပြည့်သွားခဲ့ပြီး အရင် Subscribers တစ်သန်းပြည့်စံချိန်ထက် နာရီပေါင်းများစွာ ကျော်ဖြတ်ကာ စံချိန်သစ်တင်ခဲ့ပါတယ်။

စီရော်နယ်ဒိုရဲ့ YouTube Channel အသစ်က အရင်စံချိန်ထက် (၅)နာရီခွဲစောပြီး တစ်နာရီခွဲ(၉၀ မိနစ်)ထဲနဲ့ Subscribers (၁)သန်းပြည့်သွားခဲ့သလို၊ တစ်ရက်အတွင်းမှာပဲ Subscribers (၁၀)သန်းပြည့်သွားခဲ့ပါတယ်။

UR · Cristiano လို့အမည်ရတဲ့ စီရော်နယ်ဒိုရဲ့YouTube Channel Subscribers အရေအတွက်က တစ်ဟုန်ထိုး တိုးမြင့်နေပြီး ဒုတိယနေ့ မနက်အစောပိုင်းမှာတင် (၁၃.၄)သန်းကျော်ကို ရောက်လာခဲ့ပြီဖြစ်လို့ လာမယ့်ရက်ပိုင်းအတွင်း သန်း(၁၀၀)ကျော်ကို ရောက်ရှိသွားမယ်လို့ ခန့်မှန်းရပါတယ်။

လက်ရှိ YouTube မှာ Subscribers အများဆုံးက (၃၁၁)သန်းကျော်ရှိထားတဲ့ Mr.Beast ဖြစ်တာကြောင့် စီရော်နယ်ဒိုအနေနဲ့ Mr.Beast ကို ကျော်ဖြတ်နိုင်မလားဆိုတာလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။

လက်ရှိမှာ YouTube Channel ဖွင့်ဖွင့်ချင်း Subscribers တစ်သန်းပြည့် Gold YouTube Creator ဆုကို ရရှိခဲ့တဲ့ စီရော်နယ်ဒိုအနေနဲ့ နောက်ထပ် အမှတ်တရဆုတွေအများကြီးထပ်ရဖို့ ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *