အသင်းဟောင်း မန်ယူနိုက်တက်ဘက်ကို သွင်းယူတဲ့ ဂိုးနဲ့ ကစားသမားဘဝဂိုး(၁၀၀၀)ပြည့်ခဲ့တဲ့ ဝဲလ်ဘက်

0

ဘရိုက်တန်အသင်းရဲ့အင်္ဂလန်ဝါရင့်တိုက်စစ်မှူးဒန်နီဝဲလ်ဘတ်ဟာ ဒီနေ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂) ဘရိုက်တန်(၂-၁)မန်ယူနိုက်တက်ပွဲမှာ မန်ယူနိုက်တက်အသင်းဘက်ကို ပွဲချိန်(၃၂)မိနစ်မှာ အဖွင့်ဂိုးသွင်းယူခဲ့ပြီး ဒီဂိုးက သူ့ရဲ့ကစားသမားဘ၀ ပြိုင်ပွဲစုံဂိုး(၁၀၀)ပြည်ဂိုးဖြစ်ခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းအတွက် ဘရိုက်တန်အသင်းနဲ့ ကစားခဲ့တဲ့ နောက်ဆုံးပရီးမီးယားလိဂ်(၆)ပွဲမှာ (၅)ပွဲမြောက် ရှုံးနိမ့်တာဖြစ်သလို အသင်းရဲ့လူငယ်စီမံကိန်းက ထွက်​ပေါ်ခဲ့တဲ့ ကစားသမားဟောင်းရဲ့ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရတာလည်း ဖြစ်ပါတယ်။

ဝဲလ်ဘတ်ဟာ မန်ယူနိုက်တက်အသင်းရဲ့အကယ်ဒမီမှာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ လူငယ်ကစားသမားအဖြစ်ကစားခဲ့ပြီး အသင်းကြီးမှာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ကစားခဲ့သူပါ။

၂၀၁၄ ခုနှစ်မှာ ပြိုင်ဘက်အာဆင်နယ်အသင်းကို ပြောင်း၊ အဲဒီကနေ ၂၀၁၉ ခုနှစ်မှာ ဝက်ဖို့ဒ်၊ ၂၀၂၀ ခုနှစ်မှာ ဘရိုက်တန်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

သူ့အနေနဲ့ သွင်းယူခဲ့တဲ့ ပြိုင်ပွဲစုံဂိုး(၁၀၀)ထဲမှာ အသင်းဟောင်းမန်ယူနိုက်တက်အသင်းကို (၆)ဂိုးသွင်းခဲ့ပြီး ပြိုင်ဘက်အသင်းတွေထဲမှာ ဒုတိယအများဆုံးသွင်းခဲ့တာဖြစ်ပါတယ်။

ဝဲလ်ဘတ်အများဆုံးသွင်းခဲ့တဲ့အသင်းက လန်ဒန်ကလပ် ဝက်စ်ဟမ်းဖြစ်ပြီး (၇)ဂိုးသွင်းခဲ့တာပါ။ ဝဲလ်ဘတ်အနေနဲ့ ဒီလို ပြိုင်ပွဲစုံဂိုး(၁၀၀)ပြည့်ဖို့ ပြိုင်ပွဲစုံမှာ ဂိုးပေါင်း(၄၅၁)ပွဲ ကစားခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *