ဟာလန်းရဲ့အရန်အဖြစ်ထားရှိဖို့ ကစားသမားတစ်ဦးကို မန်စီးတီး အံ့အားသင့်ဖွယ် ပစ်မှတ်ထား

0

မန်စီးတီးအသင်းဟာ တိုက်စစ်မှူး ဟာလန်းရဲ့အရန်အဖြစ်ထားရှိဖို့ ကစားသမားတစ်ဦးကို အံ့အားသင့်ဖွယ် ပစ်မှတ်ထားနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

ဟာလန်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၂)ပွဲကစားအပြီးမှာ မန်စီးတီးအသင်းအတွက်(၄)ဂိုးသွင်းယူထားသလို ဒေါ့မွန်အသင်းကနေ ရောက်ရှိပြီးကတည်းက မန်စီးတီးအသင်းအတွက် ကစားထားတဲ့(၁၀၁)ပွဲမှာ စံချိန်တင်(၉၄)ဂိုးအထိ သွင်းယူထားတာပါ။

ဒါပေမယ့် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဟာလန်းအတွက် အရန်ကစားသမားတစ်ဦးခေါ်ယူချင်နေတာဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အယ်လ်ဗာရက်ဇ်ဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ အက်သလက်တီကိုအသင်းထံ ပေါင်(၈၁)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာကြောင့် နည်းပြ ဂွါဒီယိုလာဟာ နောက်ထပ်တိုက်စစ်မှူးတစ်ဦးကို ပိုပြီးခေါ်ယူချင်နေတာပါ။

The Athletic က မန်စီးတီးအသင်းဟာ ကိုပင်ဟေဂင်အသင်းတိုက်စစ်မှူး အိုစကာဆန်ကို ဟာလန်းရဲ့အလားအလာရှိတဲ့ အရန်ကစားသမားအဖြစ် သတ်မှတ်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ ဒီအပတ်ထဲမှာ အသက်(၂၀)နှစ်ပြည့်မယ့် အိုစကာဆန်ဟာ အလားအလာအများအပြားရှိတဲ့ အိုက်စလန်လက်ရွေးစင်ကစားသမားဖြစ်ပြီး သူ့အတွက်ပေါင်(၁၇)သန်းအောက်သာ ကုန်ကျနိုင်တာပါ။ အိုစကာဆန်ဟာ ကိုပင်ဟေဂင်အသင်းအတွက် (၆၁)ပွဲကစားထားပြီး (၂၃)ဂိုးသွင်းယူထားကာ ဂိုးဖန်တီးမှု(၉)ကြိမ်ပြုလုပ်ထားပါတယ်။

အိုစကာဆန်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းနဲ့ ကိုပင်ဟေဂင်အသင်းတို့ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်ကစားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ တောင်ပံကစားသမား ဆာဗင်ဟိုနဲ့ ကွင်းလယ်လူ ဂွန်ဒိုဂန်တို့ကို ခေါ်ယူထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *