နွေရာသီအပြောင်းအရွှေ့မပိတ်ခင် ချီယေးဆားကို အံ့အားသင့်ဖွယ် ခေါ်ယူဖို့ လီဗာပူးလ် စဉ်းစား

0

လီဗာပူးလ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလနောက်ဆုံးနေ့မတိုင်ခင်မှာ ဂျူဗင်တပ်စ်အသင်းတောင်ပံကစားသမား ချီယေဆားကို အံ့အားသင့်ဖွယ်ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ ESPN က ဖော်ပြထားပါတယ်။

အီတလီတောင်ပံကစားသမား ချီယေဆားဟာ နည်းပြ သီယာဂိုမော့တာရဲ့အစီအစဉ်မှာ မပါဝင်တာကြောင့် ဂျူဗင်တပ်စ်အသင်းက သူ့ကို ရောင်းချဖို့ စီစဉ်နေတာပါ။

ချီယေဆားဟာ အခုလအစောပိုင်းက ဘာစီလိုနာအသင်းထံ ယူရို(၁၃)သန်းနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေဒဏ်ရာကြောင့်အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် လီဗာပူးလ်အသင်းဟာ ချီယေဆားကို ခေါ်ယူဖို့ စဉ်းစားပြီး အပြောင်းအရွှေ့မပိတ်ခင်မှာ ခေါ်ယူနိုင်ဖို့လုပ်ဆောင်လာခဲ့တာပါ။ ဒဏ်ရာကြောင့် ကာလရှည်ကြာအနားယူခဲ့ဖူးတဲ့ ချီယေဆားနဲ့ ဂျူဗင်တပ်စ်အသင်းတို့ရဲ့စာချုပ်ဟာ (၁)နှစ်သာကျန်ရှိတော့တာဖြစ်ပါတယ်။

ချီယေဆားကလည်း လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။ လီဗာပူးလ်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်တစ်ဦးမှ ခေါ်ယူနိုင်ခြင်းမရှိသေးပေမယ့် ဗလင်စီယာအသင်းဂိုးသမား မာမာဒက်ရှ်ဗီလီကို ခေါ်ယူဖို့ သဘောတူညီမှုရရှိထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးလ်အသင်းဟာ ဂျော်ဂျီယာဂိုးသမား မာမာဒက်ရှ်ဗီလီကို ဒီရာသီမှာ အသုံးပြုမှာမဟုတ်ဘဲ ဗလင်စီယာအသင်းထံ အငှားပြန်ချမှာပါ။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်(၂)ပွဲစလုံးကို ပေးဂိုးမပေးရဘဲ အနိုင်ရခဲ့ပြီးနောက် နည်းပြသစ် အာနီဆလော့က သူဟာ လက်ရှိအသင်းလူစာရင်းနဲ့လည်း ပျော်ရွှင်နေတယ်လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *