ဘာပေကို ကျော်ဖြတ်ပြီး ဥရောပထိပ်တန်းလိဂ်တွေမှာ Dribbles အများဆုံးပြုလုပ်ထားတဲ့ ယာမားလ်

0

ဘာစီလိုနာအသင်းရဲ့စပိန်လူငယ်တောင်ပံကစားသမား လာမင်းယာမားလ်ဟာ ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ Dribble (ဘောလုံးနဲ့အတူ ပြိုင်ဘက်ကို ဖြတ်ကျော်နိုင်မှု) အကြိမ်ရေအများဆုံး ကစားသမားအဖြစ် ဦးဆောင်နေပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လကမှ အသက်(၁၇)နှစ်ပြည့်ခဲ့တဲ့ လာမင်းယာမားလ်အနေနဲ့ သူ့ထက် အသက်ကြီးတဲ့ကစားသမားတွေကို ကျော်ဖြတ်ပြီး ဥရောပမှာ ဦးဆောင်နေတာပါ။

ယာမားလ်ဟာ Dribble (၁၅)ကြိမ်ပြုလုပ်ထားပြီး ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုက ကစားသမား(၃၅၀)ကျော်ထဲမှာ သူထက်ပိုမိုစွမ်းဆောင်နိုင်သူ မရှိသေးတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဘာစီလိုနာအသင်းရဲ့အဓိကပြိုင်ဘက်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ရောက်လာတဲ့ ပြင်သစ်တိုက်စစ်မှူးဘာပေက ဒီရာသီမှာ Dribble (၁၄)ကြိမ်ပြုလုပ်ထားပြီး ယာမားလ်ထက် တစ်ကြိမ်လျော့နည်းနေပါတယ်။

ဒါကြောင့် ဒီရာသီစပိန်ဘောလုံးလောကရဲ့ ရီးရဲလ်မက်ဒရစ်-ဘာစီလိုနာအားပြိုင်မှုမှာ ဘာပေနဲ့ ယာမားလ်တို့ရဲ့ စွမ်းဆောင်ရည်အားပြိုင်မှုတွေလည်း ပါဝင်လာမှာဖြစ်ပြီး Dribble အကြိမ်အရေအတွက်မှာလည်း တစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင်ဖြစ်လာမှာ သေချာနေပါတယ်။

ယာမားလ်ဟာ ဒီလာလီဂါ(၄)ပွဲမှာ (၁)ဂိုးသွင်းကာ (၄)ဂိုးဖန်တီးထားပြီး ဘာပေက (၂)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုမရှိသေးဘဲ ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *