(၂၁)နှစ်အတွင်း စီရော်နယ်ဒိုနဲ့ မက်ဆီ မပါတော့တဲ့ ပထမဆုံး Ballon d’Or ဆန်ခါတင်စာရင်း

0

မနေ့ညက အခုနှစ် Ballon d’Or ဆုတွေအတွက် ပဏာမရွေးချယ်ထားတဲ့ ဆန်ခါတင်စာရင်းကို ထုတ်ပြန်ခဲ့ရာမှာ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ ကမ္ဘာကျော်ဘောလုံးသမားတွေဖြစ်တဲ့ မက်ဆီရော စီရော်နယ်ဒိုပါ အမည်စာရင်း ပါဝင်မလာတာကို တွေ့ရပါတယ်။

ဒါက ၂၀၀၃ ခုနှစ်ကစပြီး နောက်ဆုံး(၂၁)နှစ်အတွင်း မက်ဆီ(သို့မဟုတ်)စီရော်နယ်ဒို သူတို့နှစ်ဦးထဲက အနည်းဆုံးတစ်ဦးတောင်မပါဝင်တော့တဲ့ ပထမဆုံး
Ballon d’Or ဆန်ခါတင်စာရင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Ballon d’Or အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းစာရင်းမှာ ကစားသမား(၃၀)ဦးရွေးချယ်ခဲ့ပြီး ရွေးချယ်ခံရသူတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

Ballon d’Or အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်း

ဘယ်လင်ဂမ်၊ အော်ဒီဂါ၊ ချာဟာနိုဂလူး၊ အော်လ်မို၊ ကာဗာဟယ်လ်၊ ကိုးလ်ပါမား၊ ရူဘင်ဒီယက်စ်၊ ဒက်ကလန်ရိုက်စ်၊ အာသန်ဒိုဘိတ်ခ်၊ ရိုဒရီ၊ ဖိုဒန်၊ ရူဒီဂါ၊ ဂီလ်မယ်လ်ဒို၊ ဆာကာ၊ ဟာလန်း၊ ဆာလီဘာ၊ ဟမ်းမဲလ်၊ ဗယ်လ်ဗာဒီ၊ ဟာရီကိန်း၊ ဗင်နီစီယပ်စ်၊ တိုနီကရူးစ်၊ ဗီတင်ညာ၊ လွတ်ခ်မန်း၊ နီကိုဝီလီယံစ်၊ အီမီလီယာနိုမာတီနက်ဇ်၊ ဖလော်ရီယန်ဗစ်ဇ်၊ လော်တာရိုမာတီနက်ဇ်၊ ရှာကာ၊ ဘာပေ၊ လာမင်းယာမားလ်

ဆန်ခါတင်စာရင်းမှာ ကစားသမားအများအပြားရွေးချယ်ခဲ့ပေမယ့် ဒီဆုအတွက် ရေပန်းအစားဆုံးကတော့ ချန်ပီယံလိဂ်ချန်ပီယံရီးရဲလ်တိုက်စစ်မှူး ဗင်နီစီယပ်စ်၊ ယူရို-၂၀၂၄ ချန်ပီယံစပိန်ကွင်းလယ်လူ ရိုဒရီတို့က ကျန်ကစားသမားတွေကို အပြတ်အသတ်ဖြတ်ပြီး ရေပန်းစားနေပါတယ်။

ဒီဆုကို လာမယ့် အောက်တိုဘာလ(၂၈)ရက်နေ့မှာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့က Théâtre du Châtelet ပြဇာတ်ရုံမှာ အခြားသော Ballon d’Or အကောင်းဆုံးဆုများနဲ့အတူ ချီးမြှင့်သွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *