Ballon d’Or ဆု ဆန်ခါတင်စာရင်းမှာ မပါဝင်ခဲ့တဲ့ အကောင်းဆုံးကစားသမား(၁၀)ဦး

0

Ballon d’Or ဆုတွေအတွက် ဆန်ခါတင်စာရင်းတွေထွက်ပေါ်လာခဲ့ရာမှာ တချို့ဆုတွေမှာ ကစားသမားတချို့ကျန်နေရစ်ခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေထွက်ပေါ်ခဲ့ပါတယ်။

လီဗာပူးလ်ပရိသတ်တွေက ဆန်ခါတင်စာရင်းအားလုံးမှာ သူတို့ရဲ့ကစားသမားတစ်ဦးတစ်ယောက်မှ မပါဝင်ခြင်းအတွက် စိတ်ပျက်ပြီး ဆုရွေးချယ်ရေးအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ဝေဖန်ခဲ့ကြပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့ရာသီက အသင်းမှာ လက်စွမ်းပြခဲ့တဲ့ ဂိုးသမားအယ်လစ်ဆန်အနေနဲ့ အကောင်းဆုံးဂိုးသမားဆုအတွက် ချီးမြှင့်မယ့် Yashin Trophy ဆု ဆန်ခါတင်စာရင်းမှာ မပါဝင်တာကို လီဗာပူးလ်ပရိသတ်တွေက ဒေါသထွက်နေပြီး ဆာလာ၊ ဗန်ဒိုက်အစရှိတဲ့ကစားသမားတွေ အကောင်းဆုံး(အမျိုးသား)ကစားသမားဆု(Men’s Ballon d’Or)ဆန်ခါတင်စာရင်းမှာ မပါဝင်ခဲ့တာကိုလည်း ဝေဖန်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ရာသီ လာလီဂါနဲ့ ချန်ပီယံလိဂ်ချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဘရာဇီးလ်တိုက်စစ်မှူးရိုဒရီဂိုက သူ့နာမည်မပါဝင်ခြင်းအတွက် သူ့ Instagram စာမျက်နှာမှာ အီမိုဂျီရုပ်ကလေးနဲ့ (အပေါ်က သတင်းမှာ ဖော်ပြထားတဲ့အတိုင်း) လှောင်ပြောင်ခဲ့ပါတယ်။

Men’s Ballon d’Or ဆု ဆန်ခါတင်စာရင်းမှာ ပရိသတ်တချို့နဲ့ ယဉ်ပါးခြင်းမရှိတဲ့ အာသန်ဒိုဘိတ်(ဂျီရိုနာ-ရိုးမား/ယူကရိန်း)လို ကစားသမားမျိုးပါဝင်ခဲ့ပေမယ့် အခြားထင်ရှားတဲ့ကစားသမားတွေ၊ ရိုဒရီဂိုတို့လို အောင်မြင်မှုရတဲ့ကစားသမားတွေ မပါဝင်ခြင်းက ဆန်ခါတင်စာရင်းအပေါ် ဝေဖန်စရာတွေဖြစ်နေပါတယ်။

ဒါကြောင့် အွန်လိုင်းဘောလုံးမီဒီယာတစ်ခုဖြစ်တဲ့ Givemesport က အကောင်းဆုံး(အမျိုးသား)ကစားသမားဆု(Men’s Ballon d’Or)ဆန်ခါတင်စာရင်းမှာ မပါဝင်ခဲ့တဲ့ အကောင်းဆုံးကစားသမား(၁၀)ယောက်ကို အောက်ပါအတိုင်း ရွေးချယ်ဖော်ပြခဲ့ပါတယ်။

Givemesport က ရွေးချယ်ခဲ့သူများ

■ ရိုဒရီဂို(ရီးရဲလ်မက်ဒရစ်/ဘရာဇီးလ်)
■ မူဆီယာလာ(ဘိုင်ယန်မြူးနစ်/ဂျာမနီ)
■ အယ်လ်ဗာရက်ဇ်(အက်သလက်တီကို/အာဂျင်တီးနား)
■ မက်ဆီ(အင်တာမိုင်ယာမီ/အာဂျင်တီးနား)
■ ဗန်ဒိုက်(လီဗာပူးလ်/နယ်သာလန်)
■ အိုလေဝက်ကင်စ်(ဗီလာ/အင်္ဂလန်)
■ ဂွီရာဆေ(ဒေါ့မွန်/ဂီနီ)
■ ဆာလာ(လီဗာပူးလ်/အီဂျစ်)
■ ဒီဘရိုင်းနား(မန်စီးတီး/ဘယ်လ်ဂျီယံ)
■ ရော်နယ်လ်ဒို(အယ်လ်နာဆာ/ပေါ်တူဂီ)

Leave a Reply

Your email address will not be published. Required fields are marked *