အလုပ်မဖြစ်တဲ့ တောင်းဆိုမှုတွေကြောင့် မာရှယ်ကို ခေါ်ယူနိုင်မယ့် အခွင့်အရေး ဖလာမင်ဂို ငြင်းဆို

0

ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းဟာ မန်ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း မာရှယ်ကို ခေါ်ယူဖို့ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမယ့် သူ့ရဲ့အလုပ်မဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေကြောင့် ခေါ်ယူနိုင်မယ့်အခွင့်အရေးကို ငြင်းဆန်ခဲ့ပါတယ်။ မာရှယ်ဟာ မန်ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် ထွက်ခွာခဲ့တဲ့ ပြီးခဲ့တဲ့ရာသီအကုန်ကတည်းက အသင်းအများအပြားနဲ့ ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် လက်ရှိအချိန်အထိ အသင်းလက်မဲ့အဖြစ်ရှိနေတာပါ။

ဖလာမင်ဂိုအသင်းဟာ တိုက်စစ်မှူး ပက်ဒရိုပြင်းထန်တဲ့ ဒူးဒဏ်ရာရခဲ့တာကြောင့် မာရှယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားပြီး ကြိုးပမ်းမှုတွေပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မာရှယ်ရဲ့အလုပ်မဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေကြောင့် ဖလာမင်ဂိုအသင်းဟာ အခြားရွေးချယ်စရာတွေအပေါ် အာရုံပြောင်းသွားခဲ့တာပါ။ မာရှယ်ဟာ (၃)နှစ်စာချုပ်နဲ့ လုပ်ခလစာတွေကို တောင်းဆိုခဲ့တာကို ဖလာမင်ဂိုအသင်းက ထည့်သွင်းစဉ်းစားခြင်းမရှိတာကြောင့် အပြောင်းအရွှေ့ဖြစ်ဖို့ဝေးကွာခဲ့တာဖြစ်ပါတယ်။

မာရှယ်ဟာ မကြာသေးခင် ရက်သတ္တပတ်တွေက ဂရိကလပ် AEK အေသင်အသင်းရဲ့ချဉ်းကပ်မှုကို ခံထားရပြီး ကလပ်သမိုင်းတစ်လျှောက် အကြီားမားဆုံးစာချုပ်နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့တာပါ။ မာရှယ်ဟာ ကမ္ဘာ့ပေါ်မှာ အလားအလာအကောင်းဆုံးလူငယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံရချိန် ၂၀၁၅ က မန်ယူနိုက်တက်အသင်းဟာ မိုနာကိုအသင်းကနေ သူ့ကိ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

မာရှယ်ဟာ မန်ယူနိုက်တက်အသင်းကစားသမားဘ၀ အစောပိုင်းနှစ်တွေမှာ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဒဏ်ရာတွေ၊ခြေစွမ်းပိုင်းမတည်မငြိမ်မှုတွေကြောင့် ရုန်းကန်ခဲ့ရတာပါ။ အသက်(၂၈)နှစ်အရွယ်ရှိ မာရှယ်ဟာ မန်ယူနိုက်တက်အသင်းအတွက် (၃၁၇)ပွဲပါဝင်ကစားခဲ့ပြီး ဂိုး(၉၀)သွင်းယူကာ FA ဖလား၊လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *